နယူးဒေလီ ဖေဖော်ဝါရီ ၈
အိန္ဒိယနှင့် အမေရိကန်တို့သည် အပြန်အလှန်အကျိုးဖြစ်ထွန်းစေသော ကုန်သွယ်မှုအတွက် ကြားဖြတ်ကုန်သွယ်ရေးသဘောတူညီချက် မူဘောင်ကိုရရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၇ ရက်က ထုတ်ပြန်သည်။
အမေရိကန်ဘက်မှ အိန္ဒိယနိုင်ငံ၏ ကုန်ပစ္စည်းများအပေါ် အပြန်အလှန်အခွန်ကောက်ခံမှု ၁၈ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်သည်။ အဆိုပါကုန်ပစ္စည်းများထဲတွင် ချည်မျှင်နှင့်အထည်လိပ်၊ သားရေနှင့် ဖိနပ်များ၊ ပလတ်စတစ်နှင့် ရော်ဘာ၊ အိမ်တွင်းအလှဆင်ကုန်ပစ္စည်းများ၊ လက်မှုပစ္စည်း များနှင့် စက်ကိရိယာအချို့တို့ပါဝင်သည်ဟု ပူးတွဲကြေညာချက်တွင် ပါဝင်သည်။ ပူးတွဲထုတ်ပြန်ချက်အရ နှစ်ဖက်စလုံးသည် ယခုမူဘောင်ကို ချက်ချင်းအကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ကြားဖြတ်သဘောတူညီချက်ကို အပြီးသတ်နိုင်ရေး အတူတကွလုပ်ဆောင်သွားမည်ဟု ပါဝင်သည်။
ဆင်ဟွာ


