ကာကွယ်ဆေးမရခင်စပ်ကြား ဗိုင်းရပ်စ်ကို တိုက်ဖျက်ခုခံရင်း နေနိုင်ရန်ကြိုးစားမည်ဟု WHO ပြောကြား

၁ ဩဂုတ်

ကပ်ရောဂါ ကာကွယ်ဆေး ထုတ်လုပ်မှုပိုင်းမှာ အရှိန်ရနေပြီ ဆိုပေမယ့် ရောဂါပိုးနှင့် ယှဉ်တွဲနေထိုင်နိုင်အောင် ပြင်ဆင်ရင်းကပဲ တစ်ဖက်က ရောဂါကို တတ်စွမ်းသမျှ ခုခံသွားရမှာ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်-ဂေဘရီ-ယီးဆက် က IHR အရေးပေါ် ကော်မတီ ဆွေးနွေးပွဲအတွင်း ပြောကြားလိုက်သည်။

နိုင်ငံတကာအဆင့် အရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ခဲ့ချိန်က ရောဂါကူးစက်ခံရသူဦးရေသည် (၉၈) ဦးသာ ရှိသေးတာဖြစ်ပြီး ယခုကပ်ရောဂါသည် ရာစုနှစ် တစ်ခုလုံးမှာ တစ်ကြိမ်သာပေါ်သည့် ကပ်ရောဂါဖြစ်ပေမယ့် အကျိုးဆက်များမှာ ဆယ်စုနှစ်များစွာတိုင် ကြာမြင့်သွားရန် ရှိနေခြင်း ဖြစ်သည်ဟုလည်း တက်ဒရော့စ် က ပြောကြားလိုက်ပါသည်။ မေးခွန်း အတော်များများကို သိပ္ပံနည်းကျ အဖြေရှာနိုင်ခဲ့ပြီဆိုပေမယ့် မေးခွန်းများစွာ ကျန်ရှိနေသေးသလို ကမ္ဘာ့ပြည်သူ အတော်များများ ရောဂါ ရှိနေနိုင်သေးတာကို တွေ့မြင်ရကြောင်း ထပ်လောင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။

#MRTV