ကာကွယ်ဆေးဟာ ဘေးအန္တရာယ်ကင်းရှင်းမှုမရှိဘဲ အစွမ်းမထက်ရင် သုံးစွဲခွင့်ပြုမှာ မဟုတ်ကြောင်း WHO ပြောဆို 

၅ စက်တင်ဘာ

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကိုရိုနာဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးဟာ ဘေးအန္တရာယ်ကင်းရှင်းမှုမရှိခြင်းနဲ့ အစွမ်းမထက်ခြင်း ဖြစ်ခဲ့မယ်ဆိုရင်  သုံးစွဲခွင့်ပြုမှာ မဟုတ်ကြောင်း သောကြာနေ့က ပြောကြားလိုက်ပါတယ်။ 

 

ကိုရိုနာဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးထုတ်လုပ်ရေးကို မြန်မြန်ထုတ်လုပ်ရန် တိုက်တွန်းနေပေမယ့် စိုးရိမ်မှုတွေ ရှိနေကြောင်း ထည့်သွင်းပြောကြားပါတယ်။

 

ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၂၆ သန်းကျော်နဲ့ ၈ သိန်းကျော် သေဆုံးခဲ့သလို ဗိုင်းရပ်စ်ပိုးကြောင့် ကမ္ဘာ့စီးပွားရေးကိုလည်း အားပျော့စေခဲ့ပါတယ်။  

 

ပုံမှန်အားဖြင့် ကာကွယ်ဆေးတစ်ခုကို သုံးစွဲခွင့်ပြုဖို့ဆိုတာ လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာ စောင့်ပြီးမှာ သုံးစွဲသူတွေအတွက် လုံခြုံတဲ့ အစွမ်းထက်တဲ့ ဆေးဖြစ်လာတာဖြစ်ပါတယ်။ 

 

ကိုရိုနာဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးဟာ  အစွမ်းမထွက်ခဲ့ဘဲ သုံးစွဲသူတွေအတွက် ဘေးအန္တရာယ် ရှိခဲ့မယ်ဆိုရင် WHO အနေနဲ့ ခွင့်ပြုမှာ မဟုတ်ကြောင်း ဒေါက်တာတက်ထရို့ က ပြောကြားပါတယ်။ 

 

ဗိုင်းရပ်စ်ပိုးကာကွယ်ဆေးကိုလည်း နိုင်ငံတချို့မှာသုံးစွဲနိုင်တာထက် ကမ္ဘာ့တစ်ဝန်းက ဗိုင်းရပ်စ်ပိုးနဲ့ပတ်သက်ပြီး အရေးပါတဲ့ လုပ်သားတွေကို ဦးစားပေးအနေဖြင့် ထိုးပေးချင်ကြောင်း WHOရဲ့ အကြီးအကဲ ဒေါက်တာတက်ထရို့ က ပြောပါတယ်။ 

 

ပြီးခဲ့တဲ့ ဒီဇင်ဘာလက တရုတ်နိုင်ငံ ဝူဟန်မြို့က နေစတင်ပြန့်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်ခံရသူ ၂၆,၈၁၆,၉၃၀   ထဲမှ သေဆုံးသူ ၈၇၉,၃၇၀  ရှိပြီး ပြန်လည်ကျန်းမာသူ ၁၈,၉၂၃,၇၃၄ ဦး ရှိကြောင်း စက်တင်ဘာ ၅ ရက်နေ့ထုတ်ပြန်ချက်အရ သိရပါတယ်။ 

 

MDN
ကိုးကား- AFP