ကြာအင်းဆိပ်ကြီးမြို့နယ်၌ ရှောက်သီးများ ဈေးကောင်းရ၍ ရှောက်ပင်စိုက်ပျိုးသူများ အဆင်ပြေ

ကြာအင်းဆိပ်ကြီး မတ် ၂၂

 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျေးရွာအုပ်စု၊ ကျေးများ၌ ‌ရာသီဥတုနှင့် သဘာဝရေမြေ အနေအထားအရ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက်ပြီး မြို့နယ်အတွင်း၌ ရှောက်ပင်စိုက်ပျိုး ဧကပေါင်းများစွာရှိကာ နှစ်စဉ် မိုးရာသီနှင့် နွေရာသီတွင် ရှောက်သီးများစွာ ထွက်ရှိသည့် မြို့နယ်တစ်မြို့ဖြစ်ကြောင်း သိရသည်။

 

မိုးရာသီတွင် များစွာသီးသော်လည်း ဈေးနှုန်းမှာ တစ်လုံးလျှင် ငွေကျပ် (၄၀)မှ (၅၀)ကျပ်သာ ရရှိပြီး နွေရာသီတွင် အသီးသီးနှုန်း‌လျော့ကျ‌သော်လည်း ဈေးနှုန်းပိုမိုရရှိလျက်ရှိသည်။ ယမန်နှစ်က ရှောက်သီးဈေးနှုန်းမှာ ထိုက်သင့်သလောက် ရရှိမှုမရှိသော်လည်း ယခုနှစ်တွင် ယခင်နှစ်ထက် ဈေးနှုန်းပိုမိုရရှိပြီး ရှောက်သီးတစ်လုံးလျှင် ငွေကျပ် (၅၀၀)အထိ ရရှိလျက်ရှိသည်။ ရှောက်ပင်စိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများအနေဖြင့် ဝင်ငွေများပိုမိုရရှိကာ အဆင်ပြေလျက်ရှိသည်။

 

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက်ရှိသည့် ရှောက်ပင်စိုက်ပျိုးဧကပေါင်း (၄၁၆၉)ဧကခန့်ရှိပြီး ရှောက်သီးများကို မော်လမြိုင်၊ မုဒုံမြို့များနှင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

 

မျိုးမင်းဦး