ကြာအင်းဆိပ်ကြီးမြို့နယ်၌ နှမ်းအထွက်နှုန်းကောင်းသော်လည်း ဈေးနှုန်းကျဆင်း

ကြာအင်းဆိပ်ကြီး၊  ၁၈ ဇန်နဝါရီ

 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဒေသခံကျေးလက်နေ ပြည်သူများ အနေဖြင့် နှစ်ရှည်ပင်သီးနှံပင်များနှင့် ရာသီအလိုက်သီးနှံပင်များကို အဓိကထားပြီး စိုက်ပျိုးလျက်ရှိရာ မိုးနှမ်းနှင့် ဆောင်းနှမ်းကို ဧက ၁၈၀၀၀ ကျော်ခန့် စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည်။

 

ကြာအင်းဆိပ်ကြီးမြို့နယ်၌ မိုးရာသီတွင် မိုးနှမ်း တောင်ယာနှမ်းကိုစိုက်ပျိုးပြီး ဆောင်းရာသီတွင် လယ်ယာ မြေများ၌ ဆောင်းနှမ်းကို စိုက်ပျိုးကြပြီး အောင်မြင်ဖြစ်ထွန်း အထွက်နှုန်း ကောင်းမွန်သော်လည်း နှမ်း ဈေးနှုန်းမှာ ကျဆင်းလျက်ရှိသည်။ ယခင်နှစ်များတွင် နှမ်းဈေးနှုန်းမှာ တစ်တင်းလျင် ငွေကျပ် ၇၅၀၀၀ ရရှိ‌ပြီး ယခုနှစ်တွင် နှမ်းတစ်တင်းလျှင် ငွေကျပ် ၅၀၀၀၀ ဝန်းကျင်သာ ရရှိခြင်းကြောင့် နှမ်းစိုက်တောင်သူအချို့မှာ ရောင်းချခြင်းမပြုသေးဘဲ ဈေးနှုန်းကောင်းပြန်လည်ရရှိရန် စောင့်ဆိုင်းလျက်ရှိသည်။

 

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းမှ ထွက်ရှိသည့် နှမ်းများကို တောင်သူများက မြို့ပေါ် အဝယ်ဒိုင်များသို့ ရောင်းချလျက်ရှိပြီး ၎င်းအဝယ်ဒိုင်များမှ တစ်ဆင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အဝယ်ဒိုင်များသို့ ပြန်လည် ရောင်းချကြောင်း သိရသည်။

 

မျိုးမင်းဦး(ပြန်/ဆက်)