ဇူလိုင် ၂၂ ရက်မှ ၂၆ ရက်အထိ ဖြစ်ပေါ်ခဲ့သော ဆန်/စပါး၊ ပဲ၊ ဆီနှင့် ကြက်သွန် ဈေးနှုန်းများ

စိုးချစ်ချစ်ပိုင်(AMIA) 


ဆန်၊ စပါး


ဒီတစ်ပတ်မှာတော့  ဧရာဝတီတိုင်းဈေးကွက်မှာ ပုသိမ်ပေါ်ဆန်းဆန်နဲ့ စပါးဈေးနှုန်းတွေက အနည်းငယ် မြင့်ထပ်မံတက်လာပါတယ်။  ရန်ကုန်က အဝယ်လိုက်တဲ့အပြင် ဒေသတွင်းစားသုံးမှု များတဲ့အတွက်ကြောင့် ဈေးက တစ်ဖြေးဖြေး တက်လာတာဖြစ်တယ်လို့ သိရပါတယ်။ 


ပုသိမ်ပေါ်ဆန်းစပါးက  တင်း ၁၀ဝ ကို  ၉၅၀ဝ၀ဝ ကျပ်နဲ့ ၁၅၀ဝ၀ ကျပ်၊  ပုသိမ်ပေါ်ဆန်းဆန်က တစ်အိတ်ကို ၄၄၀ဝ၀ နဲ့ ၃၀ဝ၀ ကျပ်ဈေးတက်လာပါတယ်။ တစ်ခြားပေါ်ဆန်းဆန်နဲ့ ဆန်ကြမ်းဈေးနှုန်းတွေကတော့ ယခင်တစ်ပတ်ဈေးနှုန်းအတိုင်း ငြိမ်နေပါတယ်။


မြောင်းမြပေါ်ဆန်းစပါးက တင်း ၁၀ဝကို  ၉၃၈၀ဝ၀ ကျပ်၊ ပေါ်ဆန်းဆန်က တစ်အိတ်ကို ၄၄၀ဝ၀ ကျပ်၊  မြောင်းမြ ဧည့်မထ စပါးက တင်း ၁၀ဝ ကို ၆၀၇၀ဝ၀ ကျပ်၊ ဧည့်မထဆန်က တစ်အိတ်ကို ၂၄၀ဝ၀ ကျပ်၊ ဒေးဒရဲ ပေါ်ဆန်းစပါးက  တင်း ၁၀ဝ ကို ၈၉၃၀ဝ၀ ကျပ်၊ ဒေးဒရဲပေါ်ဆန်းဆန်ကတော့ တစ်အိတ်ကို ၄၁၀ဝ၀ ကျပ်၊ ဒေးဒရဲ ဧည့်မထစပါးက တင်း ၁၀ဝ ကို  ၅၇၉၀ဝ၀ ကျပ်၊ ဆန်ကတစ်အိတ်ကို ၂၄၀ဝ၀ ကျပ်နဲ့ အသီးသီး ဈေးငြိမ်နေတာပါ။


ဖျာပုံ ပေါ်ဆန်းစပါးကလည်း  တင်း ၁၀ဝ ကို ၉၀၂၀ဝ၀ ကျပ်၊ ပေါ်ဆန်းဆန်က တစ်အိတ်ကို ၄၁၀ဝ၀ ကျပ်၊ ဖျာပုံ  ဧည့်မထ (စပါး)က တင်းတစ်ရာကို  ၅၇၉၀ဝ၀ ကျပ်၊ ဆန်က တစ်အိတ်ကို ၂၄၀ဝ၀ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။


ရန်ကုန် ဝါးတန်းကုန်စည်ဒိုင်မှာတော့ ဆန်ကြမ်းကော၊ ဆန်ချောပါအကျဘက်ကို ဦးတည်နေပါတယ်။ ပေါ်ဆန်းရှယ်က အရင်တစ်ပတ်မှာ တစ်အိတ်ကို ၃၈၀ဝ၀ ကနေ ၄၀ဝ၀ဝ ပေါက်ဈေးရှိပြီး၊ ဒီတစ်ပတ်မှာ ၂၀ဝ၀ ကျပ် ဈေးကျဆင်းခဲ့ပါတယ်။ ရက် ၉၀ ဆန်ကလည်း တစ်အိတ်ကို ၂၀၅၀ဝ ကနေ ၂၁၅၀ဝ ကျပ် ဈေးရှိပြီး ၁၅၀ဝ ကျပ် ဈေးကျဆင်းခဲ့ပါတယ်။


ဆန်ကြမ်းဖြစ်တဲ့ နွေသီးထပ်ကတော့ ၂၀ဝ၀ဝ နေ ၂၂၀ဝ၀ ပေါက်ဈေးရှိပြီး ၂၀ဝ၀ ကျပ်ဝန်းကျင် ဈေးပြန်တက်လာတာကို တွေ့ရပါတယ်။


မတ်ပဲ (FAQ/RC)


မတ်ပဲကတော့  ဒီတစ်ပတ် ဈေးပြန်ကျဆင်းခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲကတစ်တန်ကို ၇၉၃၀ဝ၀ ကျပ် ပေါက်ဈေးရှိပြီး၊ ၃၇၀ဝ၀ ကျပ် ဈေးကျဆင်းခဲ့တာပါ။ အိန္ဒိယနိုင်ငံမှာ မတ်ပဲဈေးအနည်းငယ် ကျဆင်းခဲ့ပြီး၊ မြန်မာ့မတ်ပဲကို  ထိန်းဝယ်ယူနေတာကြောင့် ဈေးပြန်ကျဆင်းခဲ့တာ ဖြစ်တယ်လို့ ပဲကုန်သည် အချို့က ပြောဆိုထားသည်။ 

 

ပဲစင်းငုံ(နီ)


ပဲစင်းငုံနီကလည်း ဒီတစ်ပတ်မှာ ဈေးပြန်အေးသွားခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၉၃၃၀ဝ၀ ဈေးရှိခဲ့ပြီး၊ ၃၀ဝ၀ဝ ဝန်းကျင် ဈေးပြန်ကျဆင်းခဲ့ပါတယ်။

ပဲတီစိမ်း


ပဲတီစိမ်းကတော့ ပြည်ပ ဝယ်လက်ပုံမှန်ရှိနေတာကြောင့် တစ်တန်ကို ကျပ် ၁၁၀ဝ၀ဝ ကနေ ၁၃၀ဝ၀ဝ ကြားမှာ ဈေးငြိမ်နေပါတယ်။ ပဲတီစိမ်းကို တရုတ်နိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့က အဓိက ဝယ်ယူနေတာဖြစ်ပြီးတော့ လက်ရှိမှာ  အိန္ဒိယနိုင်ငံဘက်က အရည်အသွေးနိမ့်တဲ့ ပဲတီစိမ်း အမျိုးအစားတွေကို ရွေးချယ်ဝယ်ယူနေတယ်လို့ သိရပါတယ်။


အောင်လံကုန်စည်ဒိုင်မှာတော့ ပဲတီစိမ်းက တစ်အိတ်ကို ၁၁၀ဝ၀ဝ ဈေးပေါက်ပြီး၊ အရင်တစ်ပတ်နဲ့ ယှဉ်ရင် ၆၀ဝ၀ ကျပ် ဈေးတက်လာခဲ့ပါတယ်။


စားသုံးဆီ


စားအုံးဆီကတော့ ငွေဈေး ပြန်အေးသွားတာကြောင့် ဈေးပြန်ကျလာပါတယ်။ ရန်ကုန်ဈေးကွက်မှာ မူရင်းလက်ကားဈေးက  တစ်ပိဿာကို ၁၄၄၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅ ကျပ်ဈေး ကျဆင်းခဲ့တာပါ။ ယရင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင်တော့  ၂၅ ကျပ် ဈေးတက်လာတာ တွေ့ရပါတယ်။ 

ကြက်သွန်ဖြူ


ကြက်သွန်ဖြူကတော့ ဒီတစ်ပတ်မှာ ဈေးအေးနေပါတယ်။ ရန်ကုန်ဈေးကွက်ကို ကြက်သွန်ဖြူပုံမှန်ဝင်ရောက်နေပေမဲ့ မိုးများပြီး လက်လီအရောင်းအဝယ်ပါးတာကြောင့် ဈေးအေးနေတာဖြစ်တယ် လို့သိရပါတယ်။


ကြက်သွန်ဖြူ(ကြူကုတ်)က တစ်ပိဿာကို  ၃၃၀ဝ ကနေ ၃၄၀ဝ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀ဝ ကျပ် ဝန်းကျင်၊ ကြက်သွန်ဖြူ(အောင်ပန်း) ထူးကလည်း ၁၉၀ဝ ကနေ ၃၁၀ဝ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀ဝ ကျပ်ဝန်းကျင် ဈေးကျဆင်းနေပါတယ်။