ဇွန်လ တတိယ(၁၀) ရက်ပတ်အတွက် မြစ်ရေအခြေအနေ ခန့်မှန်းချက်များ 

နေပြည်တော် ၁၈ ဇွန်


မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဇွန်လ တတိယ(၁၀) ရက်ပတ် မြစ်ရေအခြေအနေ ခန့်မှန်းချက်များကို အောက်ပါအတိုင်း ထုတ်ပြန်ထားသည်။


ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့ တို့တွင် ၆-ပေမှ ၉-ပေခန့်၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၄-ပေမှ ၆-ပေခန့်လက်ရှိရေအမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း သိရသည်။


ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် ၆-ပေမှ ၉-ပေခန့်၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၄-ပေမှ ၆-ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင် ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။


MDN