ဇင်ဘာဘွေတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၀၀၀ ကျော်ရှိလာ

၁၄ ဇူလိုင်

 

 

ဇင်ဘာဘွေနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၉ ဦး ထပ်မံတွေ့ရှိရပြီး ကူးစက်ခံရသူပေါင်း ၁၀၃၄ ဦး ရှိလာကြောင်း ဖော်ပြထားသည်။

 

 

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကူးစက်ခံရမှုမှ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ ၁၅ ဦး ရှိပြီး ကူးစက်ခံရမှုကြောင့် တစ်ဦး သေဆုံးခဲ့ပြီး သေဆုံးခဲ့သူစုစုပေါင်း ၁၉ ဦး အထိ မြင့်တက်လာပြီး ကျန်းမာရေး ကောင်းမွန်လာသူပေါင်း ၃၄၃ ဦး ရှိလာသည်ဟု ကျန်းမာရေးနှင့် ကလေးစောင့်ရှောက်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

 

 

ထပ်မံကူးစက် ခံရသူများအနက် ၂၈ ဦး မှာ တောင်အာဖရိကမှ ပြန်ရောက်လာသော ဇင်ဘာဘွေနိုင်ငံသားများ ဖြစ်ပြီး ၂၁ ဦးမှာမူ ပြည်တွင်း ကူးစက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

 

ဇင်ဘာဘွေနိုင်ငံတွင် ယခုချိန်အထိ လူဦးရေ ၉၁၁၀၃ ဦး ကို စမ်းသပ်စစ်ဆေးမှု ပြုလုပ်ပြီး ဖြစ်သည်။

 

 

ဇင်ဘာဘွေသမ္မတ အီမာဆွန် မန်ဂါဝါက ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ထပ်မံမြင့်တက်လာသဖြင့် နိုင်ငံတစ်ဝှမ်း အဝင်အထွက် ကန့်သတ်မှုများကို ထပ်မံ တင်းကြပ်လာနိုင်သည်ဟု သတိပေး ပြောကြားခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

 

2429