ဇင်ဘာဘွေနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးမှု အမြင့်မားဆုံး နေ့အဖြစ် စံချိန်တင်

၁၅ ဇန်နဝါရီ

 

 

ဇင်ဘာဘွေနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၄၇ ဦးရှိရာ ရောဂါကူးစက်မှုဖြစ်ပွားခဲ့သည့် မတ်လနောက်ပိုင်း သေဆုံးမှု အများဆုံးနေ့ဖြစ်ကြောင်း ကိန်းဂဏန်းများဖြင့် ဖော်ပြထားသည်။

 

 

နိုင်ငံအတွင်း ထိုရောဂါ ကူးစက်ခံရမှုကြောင့် ယနေ့အထိ သေဆုံးသူပေါင်း ၆၃၆ ဦး ရှိသည်ဟု ကျန်းမာရေးနှင့်ကလေးသူငယ် စောင့်ရှောက်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

 

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၁၁၂ ဦး ထပ်မံတွေ့ရှိရပြီး တစ်နေ့တည်းမှာပင် ကူးစက်မှု အရေအတွက်  ဒုတိယအများဆုံးနေ့ ဖြစ်သည်။ ထိုရောဂါ ကူးစက်ခံရသူပေါင်း ၂၅၃၆၈ ဦး ရှိသည်။

 

 

လက်ရှိ အခြေအနေတွင် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ ၅၈ ရာခိုင်နှုန်းရှိသည်။

 

 

ဇင်ဘာဘွေနိုင်ငံတွင် မကြာသေးမီက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မြင့်မားလာသဖြင့် တင်းကျပ်သော အသွားအလာကန့်သတ်မှုများကို ရက် ၃၀ ကြာ ထပ်မံချမှတ်ခဲ့သည်။

 

 

လာမည့်လတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမဆုံးအကြိမ် ထိုးနှံနိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို