ဇမ္ဗူသီရိမြို့နယ် နေပြည်တော်အချုပ်ထောင်၌ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူ အကျဉ်းသား (၅၂) ဦးလွှတ်ပေး

ဇမ္ဗူသီရိ၊  ၁၂  ဖေဖော်ဝါရီ

ဇမ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်၊ နေပြည်တော်အချုပ်ထောင်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အမိန့်အမှတ် ၅၈/၂၀၂၁ နှင့် အမိန့်အမှတ် ၅၉/၂၀၂၁ တို့အရ အကျဉ်းသား၊ အကျဉ်းသူများအား ယနေ့ မွန်းလွဲ ၁ နာရီက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့သည်။ 

လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူများအား နေပြည်တော်အချုပ်ထောင်မှ ထောင်ပိုင်ဦးစီးအရာရှိ ဦးအောင်သန်းမြင့်၊ ဇမ္ဗူသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းကျော်တို့မှ ဆုံးမဩဝါဒစကား ပြောကြားခဲ့ပြီး အကျဉ်းသား/ အကျဉ်းသူ စုစုပေါင်း (၅၂) ဦးအား ထောင်ထွက်လက်မှတ်များနှင့် ထောက်ပံ့ငွေများပေးအပ်၍ လွှတ်ပေးခဲ့ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)