ဇလွန်မြို့နယ်တွင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၂၅ )နှစ်အောက် ရပ်ကွက်/တိုက်နယ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ

ဇလွန်     ဒီဇင်ဘာ     ၉

 

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလားအသက်၂၅ နှစ်အောက်ရပ်ကွက်/တိုက်နယ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ် အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက   အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဟင်္သာတခရိုင် အားကစားနှင့်ကာပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သန့်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းအား အားကစားပစ္စည်းများ ပေးအပ်ခဲ့သည်။

 

အဆိုပါ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း  ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြိုင်ပွဲကို ၂၀၂၁ခုနှစ်  ဒီဇင်ဘာလ  ၉ ရက်နေ့မှ  ၂၀၂၁ခုနှစ်  ဒီဇင်ဘာလ  ၁၁ ရက်နေ့အထိ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝေယံ-ဇလွန်(ပြန်/ဆက်)