ဇေယျာသီရိမြို့နယ်တွင် အခြေခံစက်ချုပ်သင်တန်းဖွင့်

နေပြည်တော်    ၂၁   ဇန်နဝါရီ

 

         

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အခြေခံစက်ချုပ်သင်တန်း  ဖွင့်ပွဲအခမ်းအနားကို ဇေယျာသီရိမြို့နယ် ကျွန်းရောင်း ကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်၌ ဇန်နဝါရီ ၂၁ ရက် နံနက် ၁၁ နာရီက ကျင်းပသည်။

 

879

         

အခမ်းအနားတွင် နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်သဇင်က အဖွင့်အမှာစကားပြောကြားရာတွင် ကျေးလက်နေ အမျိုးသမီးငယ်များ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အပ်ချုပ်ပညာတတ်မြောက်ပြီး ဝင်ငွေရရှိသော အိမ်တွင်းမှုပညာဖြင့် အလုပ်အကိုင်ရရှိစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ဆက်လက်၍ ဇေယျာသီရိမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဉက္ကဋ္ဌ ဦးသက်ထွေးက မိတ်ဆက်အမှာစကား ပြောကြားခဲ့ပြီး  ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်မြင့်ခိုင်က တက်ရောက်လာသော သင်တန်းသူများအား သင်တန်းတွင် သင်ကြားပေးမည့် အကြောင်းအရာများ ရှင်းလင်းပြောကြားသည်။

         

အဆိုပါသင်တန်းသို့ ကျွန်းရောင်းကျေးရွာအုပ်စုနှင့် အခြားရပ်ကွက်များမှ သင်တန်းသူ (၂၁)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကို(၁)လတာ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

 

ထွန်းလင်း(ပြန်/ဆက်)