ဇေယျာသီရိမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ဇေယျာသီရိ နိုဝင်ဘာ ၁၆

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့သွားရောက်၍ (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။


 
ထိုသို့ဆောင်ရာတွင် ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဇေယျာသီရိမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ သာစည်ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)နှင့် နန်းဩကျေးရွာ၊ အခြေခံပညာ မူလတန်းလွန်ကျောင်းတို့တွင် (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ဟောပြောပွဲဆောင်ရွက်ခြင်းနှင့် နံရံကပ်စာစောင်များပြသခြင်းတို့အား ဆောင်ရွက်ခဲ့သည်။  

 

ထို့နောက် သာစည်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ဟောပြောပွဲဆောင်ရွက်ခဲ့ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်က အမျိုးသား အောင်ပွဲနေ့ကို မမေ့လျော့စေရန်၊ အမျိုးသားရေးစိတ်ဓာတ်များ ရင်ထဲတွင် ထာဝစဉ်ကိန်းအောင်နေစေရန် ရည်ရွယ်၍ အမျိုးသားနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ အမျိုးသားရေးအားမာန်၊ အမျိုးသားနေ့၏ အကျိုးရလဒ်၊ အမျိုးသားရေးစိတ်ဓာတ် စသည့်အကြောင်းအရာများကို ရှင်းလင်းဟောပြော ဆွေးနွေးခဲ့သည်။

 

ထို့နောက် (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် နံရံကပ်များအား ကျောင်းသား ကျောင်းသူများက စိတ်ဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။

 

ထွန်းလင်း(ဇေယျာမြေ)