ရန်ကုန်၊ မေ ၂၀

ISTAF World Cup 2024 ပိုက်ကျော်ခြင်းပြိုင်ပွဲအုပ်စု နောက်ဆုံးနေ့ကို မေ ၂၀ ရက်က မလေးရှားနိုင်ငံ၌  ဆက်လက်ကျင်းပရာ မြန်မာပိုက်ကျော်ခြင်းအသင်းသည် သုံးယောက်တွဲပွဲစဉ်တွင် ကွာတားဖိုင်နယ်တက်ရောက် သွားသည်။

မြန်မာအသင်းသည် သုံးယောက်တွဲပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲအဖြစ် ဂျပန်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ နှစ်ပွဲပြတ်ဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် မေ ၁၉ ရက် က အုပ်စုပထမပွဲအဖြစ် အိန္ဒိယအသင်းနှင့် ယှဉ်ပြိုင်ကစားရာ အနိုင်ရခဲ့သဖြင့် အုပ်စုနှစ်ပွဲစလုံး အနိုင်ရပြီး အုပ်စုပထမဖြင့် ကွာတားဖိုင်နယ် တက်ရောက်ခဲ့ခြင်းဖြစ်သည်။ ကွာတားဖိုင်နယ်နှင့် ဆီမီးဖိုင်နယ်ပွဲစဉ်များကို မေ ၂၁ ရက်တွင်  ဆက်လက် ကျင်းပမည်ဖြစ်ပြီး  မြန်မာပိုက်ကျော်ခြင်းအသင်းသည် ကွာတားဖိုင်နယ်ပွဲများအဖြစ် နှစ်ယောက်တွဲ ပြိုင်ပွဲတွင် အိန္ဒိယအသင်း၊ သုံးယောက်တွဲပြိုင်ပွဲတွင် အင်ဒိုနီးရှားအသင်း နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 ရှိုင်းထက်ဇော်