ဟုမ္မလင်းမြို့တွင် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စားရင်ထုတ်ပြန်

ဟုမ္မလင်း ၈ ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်တွင် ၂၀၁၉ တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းကို ယနေ့နံနက်က ထုတ်ပြန်ခဲ့သည်။ 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူပေါင်း (၅၃၄၅)ဦးအနက် ၁၄၄၉ ဦး အောင်မြင်ပြီး၊ တစ်ဘာသာဂုဏ်ထူးရှင်(၂၉၃)ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် (၈၇)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၈)ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် (၁)ဦး၊ စုစုပေါင်း(၃၈၉) ရှိပြီး၊ မြို့နယ်အနေဖြင့် အောင်ချက်ရာခိုင်နှုန်းမှာ ၂၇ဒသမ၁၁ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

လင်းလင်း(ပြန်/ဆက်)