ဟန်နီလီ လက်ထပ်လိုက်ပြီ

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ မင်းသမီးတစ်ဦးဖြစ်သူ ဟန်နီလီဟာ လက်ထပ်လိုက်ပြီဖြစ်ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်း ဟန်နီလီအနေနဲ့ အနုပညာအသိုင်းအဝိုင်းမှမဟုတ်သူတစ်ဦးနဲ့ ချစ်သူတွေဖြစ်နေ ကြောင်းနဲ့ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးဟာ အတော်လေး လေးနက်ကြောင်း၊ သတင်းတွေ ပေါ်ထွက် ခဲ့ပါတယ်။ ဒီဇင်ဘာ ၂၁ ရက်မှာ ဟန်နီလီရဲ့ ဖျော်ဖြေရေးအေဂျင်စီက မင်းသမီးအနေနဲ့ သူ့ရဲ့ချစ်သူနဲ့ ယနေ့ လက်ထပ်လိုက်ပြီဖြစ်ကြောင်း၊ သူတို့နှစ်ဦးရဲ့ မင်္ဂလာအခမ်းအနားကို ဆိုးလ်မှာပင် အကျဉ်းချုံး ကျင်းပခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဟန်နီလီအနေနဲ့ လက်ထပ်ပြီးနောက်ပိုင်းမှာလည်း အနုပညာလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင် မှာဖြစ်ပြီး ပရိသတ်တွေအနေနဲ့ သူ့ရဲ့ပိုမိုရင့်ကျက်လာမယ့် အသွင်အပြင်ကို တွေ့မြင်ရမှာဖြစ်တယ် လို့လည်း အေဂျင်စီက ထည့်သွင်းဖော်ပြခဲ့ပါတယ်။

အေးပြည့်