ဟိုပုံးမြို့နယ်တွင် သနပ်ဖက်အထွက်နှုန်းကျသော်လည်းဈေးကောင်းရ၍ သနပ်ဖက်စိုက် တောင်သူများအဆင်ပြေ

ဟိုပုံး      ၂၈   စက်တင်ဘာ      

 

 

ပအိုဝ်းတိုင်းရင်းသားတို့သည် စီးပွားရေးအခြေအနေအရ မိုးရာသီတွင် သနပ်ဖက်စိုက်ပျိုးရေး ကို အဓိကလုပ်ကိုင်ကြပြီး ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းတွင် စိုက်ပျိုးထားသောသနက်ဖက်သည် အထွက်နှုန်းကျသော်လည်း ဈေးကောင်းရ၍ သနပ်ဖက်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ဒေသခံသနပ်ဖက်စိုက် တောင်သူများထံမှ သိရသည်။

 

hsdf

 

"သနပ်ဖက်ဈေးနှုန်းက မနှစ်ကဆို အရွက်ကြီးတစ်ပိဿာကို ကျပ်(၄၁၀ဝ) အရွက်သေး တစ်ပိဿာကို ကျပ်(၃၀ဝ၀)ပဲရောင်းရတယ်၊ ယခုသနပ်ဖက်လှော်ရာသီမှ   ထွက်ရှိလာတဲ့ သနပ်ဖက် ဈေးနှုန်းကတော့ အရွက်ကြီးတစ်ပိဿာကို ကျပ်(၈၀ဝ၀)မှ (၈၃၀ဝ) အရွက်သေးတစ်ပိဿာကို ကျပ်(၅၀ဝ၀)မှ (၆၅၀ဝ)ထိရှိတော့ သနပ်ဖက်စိုက်တောင်သူတွေ အဆင်ပြေကြတယ်၊ တစ်နှစ် အတွင်း သနပ်ဖက်ပြိဿာချိန်(၁၂၀ဝ)ခန့်ထွက်ရှိပါတယ်" ဟု ဟိုပုံးမြို့နယ်၊ တိလုံကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာမှ သနပ်ဖက်စိုက်တောင်သူတစ်ဦးဖြစ်တဲ့ နန်းကေသီထံမှ သိရသည်။

 

 "ကျွန်မတို့က ပြောင်းနှင့် သနပ်ဖက်ကိုစိုက်ပါတယ်၊ သနပ်ဖက်ဈေးကောင်းရသည့်အတွက် မိသားစုစားဝတ်နေရေး အဆင်ပြေတယ်" ဟု နန်းကေသီက ဆက်လက်ပြောကြားသည်။"နှစ်အစပိုင်းကမိုးလဲမရွာ လေလဲတိုက်တော့ အထွက်နှုန်းကျတယ်  ယခင်နှစ် အစောပိုင်းဈေးနှုန်းက ၃၅၀ဝ ခန့်ပဲရှိတယ် ဒါပေမယ့်တစ်ပေါင်းလရောက်တဲ့ချိန်မှာ တစ်ပိဿာကို ကျပ် ၁၂၀ဝ၀ ထိရောက်ရှိပေမယ့်  သနပ်ဖက် စိုက်တောင်သူအနည်းငယ်ပဲ ရောင်းရကြပြီး ယခင်နှစ်ကပွဲစားတွေပဲစားနေရကြောင်း၊ ယခုနှစ်မှာ သနပ်ဖက်ဈေးနှုန်းကောင်းနေလို့ ကျွန်တော်တို့ တောင်သူများဝမ်းသာပျော်ရွှင်နေကြကြောင်း" နောင်ဒေးကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးဉာဏ်ထွန်းထံမှ သိရသည်။

 

 ဟိုပုံးမြို့နယ်အတွင်းရှိ ထွက်တဲ့သနပ်ဖက်တို့သည် ဟိုပုံး၊ တောင်ကြီးမြို့မှာရှိတဲ့ သနပ်ဖက်ပွဲရုံတို့ကို သွားရောင်းကြတယ် ဟု ဦးဉာဏ်ထွန်းက ပြောသည်။

 

"လက်ရှိသနပ်ဖက်ဈေးနှုန်းက အရွက်သေးတစ်ပိဿာကို ကျပ်(၅၀ဝ၀)မှ (၆၀ဝ၀) အရွက်ကြီးတစ်ပိဿာကို ကျပ်(၇၃၀ဝ)မှ(၈၀ဝ၀)ကျပ်ရှိတယ် သီတင်းကျွတ်ကာလဖြစ်တာနဲ့အညီ ကျေးရွာရှိပြည်သူများ အလှူအတန်းပြုဖို့အတွက် နေ့စဉ်မပြတ်လာရောက် ရောင်းချနေကြတယ်" ဟု ဟိုပုံးမြို့ရှိ သနပ်ဖက်အဝယ်ဒိုင် ဦးကျော်အုံးပွဲရုံမှ သိရသည်။

 

ဟိုပုံးမြို့နယ်တွင် ပဲစင်းငုံ၊ စပါး၊ ပြောင်း၊ မြေပဲ၊ ဆနွင်း၊ ဂျင်း၊ ထောပတ်၊ ကော်ဖီနှင့် သနပ်ဖက် စသည်များကို စိုက်ပျိုးပြီး သနပ်ဖက်စိုက်ဧကပေါင်း ရ၁၁၁ ရှိရာ ယခုနှစ်တွင် သနပ်ဖက် အထွက်နှုန်းကျပေမယ့် ဈေးကောင်းရနေ၍  သနပ်ဖက်စိုက်တောင်သူများ အဆင်ပြေလျက်ရှိ ကြောင်း သိရသည်။

 

 

ခွန်ရဲထွေး(ဆီဆိုင်)