ဟိုပုံးမြို့နယ်တွင် ဆောင်းသီးနှံစိုက်ခင်းများအား Sprinkler အသုံးပြု၍ ရေသွင်းစိုက်ပျိုးမှုများပြားလာ

ဟိုပုံး၊    ၅   ဇန်နဝါရီ

ရှှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ်၊ လွယ်အွန့်ကျေးရွာ၊ ကန်တောင်း၊ ရန်ကင်း၊ ကုန်းသာ၊ ဟဲလုံ၊ သာယာကုန်းနှင့် နမ့်ခုတ်ကျေးရွာများရှိ ဟင်းသီးဟင်းရွက် (ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ ကိုက်လန်၊ ရွှေပဲ)နှင့် စားဖိုဆောင်သီးနှံ (ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူး)စိုက်ခင်းများတွင် ရေလောင်းစိုက်ပျိုးခြင်းအစား Sprinkler အသုံးပြု၍ ရေသွင်းခြင်း စိုက်ပျိုး အသုံးပြုလာကြသည်။

ထိုသို့ ဆောင်ရွက်ခြင်းဖြင့် အချိန်ကုန်သက်သာခြင်း၊  လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ခြင်း၊  သီးနှံ အမျိုးအစားအလိုက် လိုအပ်သည့်ရေပမာဏနှင့် ရေသွင်းရမည့်အချိန် ကာလတို့ကို တွက်ချက်နိုင်ခြင်းဖြင့် ရေကိုအကျိုးရှိအောင်သုံးစွဲနိုင်ခြင်း၊ ရေငွေ့ပျံဆုံးရှုံးမှုများလျော့နည်း သက်သာပြီး ရေကိုချွေတာနိုင်ခြင်း၊ စိုက်ခင်းအတွင်း သီးနှံပင်များရေရှိနိုင်မှု အညီအမျှဖြစ်ခြင်း၊ မြေအမျိုးအစားမရွေး Sprinkler Irrigation ကို ဆောင်ရွက်နိုင်ခြင်းနှင့် Sprinkler တပ်ဆင်အသုံးပြုရန်အတွက် နေရာအကျယ်အဝန်းမလိုအပ်ခြင်း တို့ကြောင့် ယခုနှစ်ဆောင်းရာသီတွင် Sprinkler တပ်ဆင်ခြင်းများ ပိုမိုဆောင်ရွက်လာခြင်းဖြစ်ကြောင်း ဟိုပုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်သန္တာလင်းထံမှ သိရသည်။

ဟိုပုံး(ပြန်/ဆက်)