ဟိုပုံးမြို့နယ်ရှိ အခြေခံပညာ‌ကျောင်းများတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိ

ဟိုပုံး ဇွန် ၁

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ‌ ကျောင်းများ၌ ဇွန် ၁ ရက်မှစတင်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပျော်ရွှင်စွာ ကျောင်းစတင်တက်ရောက် လျက်ရှိသည်။

 

ဟိုပုံးမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း ၁၀ ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း ၄၂ ကျောင်းနှင့် အခြေခံပညာ မူလတန်းကျောင်း ၁၂၉ ကျောင်းရှိပြီး လာရောက်အပ်နှံသည့် အခြေခံပညာ အထက်တန်း ကျောင်းသား ကျောင်းသူ ၇၅၈ ဦး၊ အခြေခံပညာ အလယ်တန်း ကျောင်းသား ကျောင်းသူ ၂၈၈၆ ဦး၊ အခြေခံပညာမူလတန်း ၁၀၁၂၂ ဦး စုစုပေါင်း ၁၃၇၆၆ ဦးရှိကြောင်း သိရသည်။


 
ပအိုဝ်း(ပြန်/ဆက်)