ဟိုပန်မြို့နယ်ရှိ အလက(ကောင်းကော်)၊ အမက(မန်မိုင်)နှင့် အမက(ရုံးကုန်း)ရှိ ရပ်မိရပ်ဖများအား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးရန်ကျော် တွေ့ဆုံ

ဟိုပန် မေ ၂၇

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးရန်ကျော်သည် ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်နှင့်အဖွဲ့ဝင်များ လိုက်ပါ၍ မေ ၂၇ ရက် နံနက်ပိုင်းက ကောင်းကော်ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းသို့ သွားရောက်ပြီး  ရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။

တွေ့ဆုံရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်က “ရပ်မိရပ်ဖများ၊ ကျောင်းသားမိဘများအနေဖြင့် မိမိတို့သားသမီးများကို ပညာသင်ယူစေရန်၊ ပညာတတ်မြောက်မှသာ မိမိရပ်ရွာကို အကျိုးပြုနိုင်မည်ဖြစ်ပြီး လူနေမှုအဆင့်အတန်းလည်း မြင့်မားလာမည်ဖြစ်ကြောင်း၊ ကျောင်းအပ်နှံမှုနှုန်းလည်း ယခင်နှစ်ထက် မလျော့အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေနိုင်ရေး မိဘဆရာများနှင့် ကျောင်းအကျိုးတော်ဆောင်များက ပူးပေါင်းဆောင်ရွက်ပေးကြရန်” မှာကြားပြီး ဆရာ ဆရာမ လိုအပ်ချက်၊ ရေလိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ပေးသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် မန်မိုင်ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်း၊ ရုံးကုန်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းတို့သို့ ရောက်ရှိပြီး သို့ ရောက်ရှိပြီး ကျောင်းအပ်နှံမှုအခြေအနေကို ကြည့်ရှုခြင်း၊ ရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ ဆရာမများနှင့်တွေ့ဆုံကာ ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံမှု မကျန်ရှိစေရေး၊ သင်ခန်းစာများကို ကျောင်းသား ကျောင်းသူများ စိတ်ဝင်စားမှုရှိအောင် သင်ကြားပေးရေးတို့ကို မှာကြားပြီး ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးစကားပြောကြားသည်။

ခရိုင်(ပြန်/ဆက်)