ဟောင်ကောင်မှာ TikTok အက်ပလီကေးရှင်း သုံးစွဲခွင့် ရပ်ထားကြောင်း TikTok ပြောကြား

၇ ဇူလိုင်

 

 

ဟောင်ကောင်မှာ လက်တလော အခြေအနေတွေကြောင့် TikTok အက်ပလီကေးရှင်း သုံးစွဲခွင့်ကို ရပ်ဆိုင်းထားကြောင်း ကုမ္ပဏီက တနင်္လာနေ့ ညနေပိုင်းက ထုတ်ပြန်ကြေညာပါတယ်။

 

 

တရုတ်နိုင်ငံ အခြေစိုက် Byte Dance နည်းပညာကုမ္ပဏီပိုင် TikTok အက်ပလီကေးရှင်းဟာ ဟောင်ကောင်ရဲ့ လုံခြုံရေးဆိုင်ရာ ဉပဒေပြဌာန်းပြီးနောက်ပိုင်း ဟောင်ကောင်အစိုးရ သို့မဟုတ် ရဲတပ်ဖွဲ့ကနေ TikTok အက်ပလီကေးရှင်း သုံးစွဲသူတွေရဲ့ သတင်းအချက်အလက် တောင်းခံလာတဲ့အတွက် ခေတ္တရပ်ဆိုင်းတာဖြစ်ကြောင်း၊ Facebook၊ Google နဲ့ Twitter တို့ကလည်း သတင်း အချက်အလက် တောင်းခံမှုကို ငြင်းဆန်ပြီးဖြစ်ပါတယ်။

 

 

ပြီးခဲ့တဲ့ သီတင်းပတ်က အတည်ပြု ပြဌာန်းခဲ့သော အငြင်းပွားဖွယ် ဖြစ်နေတဲ့ ဟောင်ကောင်ရဲ့ လုံခြုံရေးဆိုင်ရာ ဉပဒေ အသစ်ကြောင့် အချက်အလက် လုံခြုံရေးအတွက် စိုးရိမ်မှု တိုးမြင့်လာတာကြောင့်  အပြောင်းအလဲ အသစ်တွေ လုပ်ဆောင်နေကြောင်း Facebook၊ WhatsApp၊ Twitter၊ Google နဲ့ Telegram  တို့က ကြေညာပြီးဖြစ်ပါတယ်။

 

 

တရုတ်နိုင်ငံ အတွင်းမှာလည်း TikTok အက်ပလီကေးရှင်း သုံးစွဲသူတွေရဲ့ ကိုယ်ရေး အချက်အလက်ကို အစိုးရအား ပေးအပ်မှု မရှိကြောင်း ဆက်တိုက် ငြင်းဆိုလာသလို ကိုယ်ရေးကိုယ်တာ အချက်အလက် တောင်းခံခဲ့ရင် ပေးအပ်တာမျိုး လုပ်ဆောင်မှာ မဟုတ်ကြောင်း ကုမ္ပဏီက ပြောပါတယ်။

 

 

TikTok အက်ပလီကေးရှင်းဟာ ဟောင်ကောင်မှာ ရက်အနည်းငယ် ကြာအောင် သုံးလို့ ရမှာ မဟုတ်ကြောင်း ကုမ္ပဏီက ခန့်မှန်းပြောဆိုပါတယ်။

 

 

TikTok အက်ပလီကေးရှင်းဟာ ၁၅ စက္ကန့် မှ စက္ကန့် ၆၀ ကြာ ဗီဒီယို အတိုလေး တင်နိုင်တဲ့ အက်ပလီကေးရှင်း တစ်ခုဖြစ်ပါတယ်။

 

 

ဉရောပသမဂ္ဂရဲ့ သတင်းအမှား မထုတ်ခြင်းဆိုင်ရာ သဘောတူညီချက်မှာ TikTok အက်ပလီကေးရှင်းပိုင် ကုမ္ပဏီက ပြီးခဲ့တဲ့ သီတင်းပတ်က လက်မှတ်ရေးထိုးပြီး ဖြစ်ပါတယ်။

 

 

 MDN

ကိုးကား - AFP