မတ် ၂၁

ဟောင်ကောင်လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်တစ်စင်းပျံသန်းနေစဉ် ခရီးသည်များ၏ဦးခေါင်းအထက် ခရီးဆောင်အိတ်များထားရာအခန်းတွင်မီးလောင်မှုဖြစ်ပွားသဖြင့် လေယာဉ်အရေးပေါ်ဆင်းသက်ခဲ့ရသည်။

အဆိုပါလေယာဉ်သည် တရုတ်နိုင်ငံအရှေ့ပိုင်းဟန်ကျိုးမှဟောင်ကောင်သို့ ယမန်နေ့မွန်းလွဲပိုင်းက ပျံသန်းနေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများက မီးလောင်နေသည့်ခရီးဆောင်အိတ်များထားရာအခန်းကို ရေသန်းဘူးများဖြင့် မီးငြှိမ်းသတ်နေသည့် ဗွီဒီယိုကို ဟောင်ကောင်ရုပ်သံဌာနက ထုတ်လွှင့်ပြသထားသည်။

မီးလောင်မှုဖြစ်ပွားသည့်အသေးစိတ်အချက်အလက်များကို အာဏာပိုင်များက အတည်ပြုပြောကြားခြင်းမရှိသော်လည်း ကနဦးဖော်ပြချက်တွင် ခရီးသည်တစ်ဦး၏ခရီးဆောင်အိတ်အတွင်းရှိ မိုဘိုင်းဘက်ထရီကြောင့်ဖြစ်သည်ဟု ယူဆထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို