ဟောင်ကောင်က တင်းကျပ်သော ဗိုင်းရပ်စ် တိုက်ဖျက်ရေး အစီအမံများ ပြန်လည်သတ်မှတ်

၁၄ ဇူလိုင်

 

 

ဟောင်ကောင်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ ထပ်မံမြှင့်တက်လာသည့်အတွက် ဗိုင်းရပ်စ် တိုက်ဖျက်ရေး အစီအမံများ တင်းကျပ်လိုက်ပြီဖြစ်သည်။

 

 

ဟောင်ကောင်သည် မေလနောက်ပိုင်း ဗိုင်းရပ်စ်ပြည်တွင်း ကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့သော်လည်း ဇူလိုင်လ အစောပိုင်းမှစတင်ပြီး ကူးစက်မှု အသစ်များ မြင့်တက်လာခဲ့သည်။

 

 

ဇွန်လ ၁၃ ရက်နေ့အထိ ရှစ်ရက်အတွင်း ရောဂါကူးစက်မှု အသစ် ၁၈၀ ခန့် ရှိသည်ဟု ဆိုသည်။

 

 

လူလေးဉီးထက်ပိုသည့် စုဝေးမှုများ ပြုလုပ်ခြင်းကို ဗုဒ္ဓဟူးနေ့မှ စတင်ပိတ်ပင်မည်ဖြစ်ကြောင်း ဟောင်ကောင် အမှုဆောင်အရာရှိချုပ် ကယ်ရီလမ်းက တနင်္လာနေ့က ကြေညာခဲ့သည်။

 

 

စားသောက်ဆိုင်များတွင် ညနေ ၆ နာရီမှ နံနက် ၅ နာရီအထိ စားသုံးသူများကို ဆိုင်ထိုင်စားခွင့်မပြုပေ။

 

 

ထိုအချိန်များတွင် ပါဆယ်စနစ်ကိုသာ ခွင့်ပြုမည်ဖြစ်သည်။

 

 

အခြား အစီအမံများထဲတွင် အများပြည်သူ သယ်ယူပို့ဆောင် လုပ်ငန်းများတွင် အငှားယာဉ်များနှင့် ဘတ်စ်ကားများလည်း ပါဝင်သည်။

 

 

ချိုးဖောက်သူများအား ဟောင်ကောင်ဒေါ်လာ ၅၀၀ သို့မဟုတ် အမေရိကန်ဒေါ်လာ ၆၄၅ ဒေါ်လာခန့်အထိ ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်သည်။

 

 

တရုတ်နိုင်ငံတစ်လျောက် ဗိုင်းရပ်စ်ပျံ့နှံ့ချိန်တွင် ဟောင်ကောင်အစိုးရက မတ်လအတွင်း ဗိုင်းရပ်စ် ကူးစက်မှုဆိုင်ရာ ကြိုတင်ကာကွယ်မှုဆိုင်ရာ အစီအမံများ စတင်ပြုလုပ်ခဲ့သည်။

 

 

ဗိုင်းရပ်စ် ကူးစက်မှုသစ် အရေအတွက် ကျဆင်းလာသောကြောင့် မေလအတွင်း အစီအမံများ စတင်ဖြေလျှော့ခဲ့သည်။

 

 

လူသန်းပေါင်းများစွာကို ဆွဲဆောင်သော ဟောင်ကောင် စာအုပ်ပြပွဲကို ဗုဒ္ဓဟူးနေ့တွင် ကျင်းပရန် အစီအစဉ်ဆွဲထားသော်လည်း ယခုအခါ အဆိုပါပြပွဲကို ရွေ့ဆိုင်းလိုက်သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်