ဟောင်ကောင် လုံခြုံရေးဆိုင်ရာ ဉပဒေအပေါ် တုံ့ပြန်မှုများ

၁၀ ဇူလိုင်

 

တရုတ်နိုင်ငံက ပြဋ္ဌာန်းခဲ့တဲ့ ဟောင်ကောင်အတွက် အမျိုးသား လုံခြုံရေး ဉပဒေကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံတွေက သူတို့နည်း သူတို့ဟန်နဲ့ ဘေဂျင်းကို ဒေါသနဲ့ တုန့်ပြန်ကြတာကို တွေ့ရပါတယ်။

 

ဩစတြေးလျ

 

ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ဟောင်ကောင်နဲ့ သဘောတူညီချက် ရှိထားတဲ့ တရားခံ လွဲပြောင်းပေးရေးကို ရပ်ဆိုင်းကြောင်းနဲ့ ဩစတြေးလျ နိုင်ငံကို ရောက်ရှိနေတဲ့ ဟောင်ကောင် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ ၁၀,၀၀၀ ကို နေထိုင်ခွင့် တိုးမြှင့်ပေးသွားမှာဖြစ်ကြောင်း ပြောပါတယ်။ အခုလို လုပ်ဆောင်တာက တရုတ်နိုင်ငံကနေ ပြဋ္ဌာန်းလိုက်တဲ့ လုံခြုံရေးဆိုင်ရာ ဉပဒေကို ဆန့်ကျင်တဲ့ အနေနဲ့ ဖြစ်ကြောင်းနဲ့ ဟောင်ကောင်အတွက် အခြေအနေကို လိုက်ပြီး ပြောင်းလဲသွားမယ်လို့ ပြောပါတယ်။

 

ဗြိတိန်

 

ဟောင်ကောင်မှာ နေထိုင်တဲ့ နိုင်ငံခြားရှိ ဗြိတိသျှ အမျိုးသား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ ဟောင်ကောင်သားတွေ ၁ သန်းကို သူတို့မိသားစုနဲ့အတူ ဗြိတိန်နိုင်ငံသား ခံယူနိုင်ကြောင်းကို ဇူလိုင် ၁ ရက်နေ့က ကြေညာသွားပါတယ်။ အဲဒီ အစီအစဉ်ဟာ ဟောင်ကောင်သား သုံးသန်း လောက်ကို ဗြိတိန်နိုင်ငံသား ပေးနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

 

ပြင်သစ်

 

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး အချိန်ကျပြီဆိုရင် လိုအပ်တာကို ပြင်သစ်က လုပ်ဆောင်သွားမှာဖြစ်ပြီး တခြားဉရောပ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ချင်ကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားပါတယ်။

 

အမေရိကန်

 

ဟောင်ကောင်ရဲ့ ကိုင်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်စေတဲ့ ဘဏ်ကို အဓိက ပစ်မှတ်ထားပြီး ဇူလိုင် ၂ ရက်နေ့ကစပြီး တင်းကျပ်တဲ့ ပိတ်ဆို့မှုတွေ ပြုလုပ်သွားရေးကို အမေရိကန် အောက်လွှတ်တော်က အတည်ပြုပေးပါတယ်။

 

ကနေဒါ

 

ဟောင်ကောင်နဲ့ သဘောတူညီထားတဲ့ တရားခံ လွှဲပြောင်းပေးရေး စာချုပ်ကို ဇူလိုင် ၃ ရက်နေ့ကစပြီး ရပ်ဆိုင်းပြီး စစ်လက်နက်ဆိုင် ပစ္စည်းတွေ တင်ပို့ရောင်းချမှုကိုလည်း ရပ်ဆိုင်းလိုက်ပါတယ်။ ဒါ့အပြင် ဟောင်ကောင်အတွက် ခရီးသွားလာရေး အဆင့်မြှင့်တင်ရန် လုပ်ဆောင်ပေးမေယ့် အဖွဲ့ကိုလည်း ရပ်ဆိုင်းသွားမယ်လို့ ဆိုပါတယ်။

 

ထိုင်ဝမ်

 

ထိုင်ဝမ်သမ္မတက ပြီးခဲ့တဲ့ အင်္ဂါနေ့က တရုတ်နိုင်ငံက ပြဋ္ဌာန်းခဲ့တဲ့ လုံခြုံရေး ဉပဒေ ဖျက်သိမ်းရေးကို အနီးကပ် လေ့လာသွားမယ်လို့ သိရပါတယ်။

 

MDN

ကိုးကား-AFP

2429