ဟစ်တလာကိုယ်တိုင်ဆွဲ ပန်းချီကားတွေ လေလံပွဲမှာ မရောင်းဖြစ် 

၁၄ ဖေဖော်ဝါရီ

 

ဂျာမနီနိုင်ငံ နူရင်ဘတ်မှာ ကျင်းပခဲ့တဲ့ လေလံပွဲမှာ အဒေါ့ဖ်ဟစ်တလာ ကိုယ်တိုင်ဆွဲထားတဲ့ ပန်းချီကား ငါးကားဟာ ဝယ်မယ့်သူ မရှာနိုင်ဘူးဖြစ်သွားပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က ကျင်းပခဲ့တဲ့ လေလံပွဲကို နာဇီအထိမ်းအမှတ်ပစ္စည်းတွေ ရောင်းချတယ်ဆိုပြီး လူထုက ဒေါသဖြစ်ခဲ့ပါတယ်။ 

 

mdn

 

ဂျမနီနိုင်ငံမှာ နာဇီသင်္ကေတတွေဟာ လူမြင်ကွင်းမှာ ပြခွင့်မရှိပါ။ ပညာရေးဆိုင်ရာနဲ့ သမိုင်းနဲ့ပတ်တဲ့ အကြောင်းတွေမှာတော့ ချွင်းချက်အနေ ပြခွင့်ရှိပါတယ်။ အခုလေလံပွဲမှာ ပါတဲ့ ပစ္စည်းတွေထဲက နာဇီတံဆိပ်ပါ ပစ္စည်းတွေကို ဖုံးအုပ်ထားပြီးမှ ပြထားကို တွေ့ရပါတယ်။ 

 

လေလံပွဲမှာ ပန်းချီကား ဈေးအစကို အမေရိကန်ဒေါ်လာ ၂၁၀ဝ၀  ကနေ ၅၀ဝ၀ဝ ကနေ စခဲ့တဲ့အတွက် ဈေးမြင့်ကြောင်းနဲ့ ဝယ်နိုင်တဲ့သူတွေအတွက်လည်း ပန်းချီကားတွေက အစစ်ဖြစ်မလားဆိုတဲ့ သံသယလည်း ရှိနေခဲ့ပါတယ်။ 

 

ဝိုက်ဒလာ လေလံဈေး (The Weidler auction house) ကတော့ ဘာကြောင့် ပန်းချီးကားတွေကို မရောင်းကြောင်း ပြောဆိုခြင်းမရှိဘဲ နောက်ပိုင်းရက်တွေမှာ ပန်းချီကားတွေကို ရောင်းနိုင်ကြောင်းသာ ပြောပါတယ်။   ဒီလေလံပွဲမစခင်မှာ နူရင်ဘတ် မြို့တော်ဝန်ကတော့ ဒီလေလံပွဲမှာ ရောင်းမယ့်ပစ္စည်းတွေဟာ စိတ်ဝင်စားစရာ မကောင်းတဲ့ ပွဲဖြစ်တယ်လို့ ရှုတ်ချထားပါတယ်။ 

 

mdn

 

လေလံပွဲမှာ ရေဆေးပန်းချီ ကားတွေဖြစ်ပြီး ဗီယားနာ သို့မဟုတ် နူရင်ဘတ်ရဲ့ မြို့ပုံစံ၊ အဝတ်မပါတဲ့ အမျိုးသမီးပုံတွေနဲ့ သဘာဝပုံတွေ ဖြစ်ကြောင်း ဝိုက်ဒလာ လေလံပွဲ က ပြောပါတယ်။  ပန်းချီကားတွေအပြင် နာဇီတံဆိပ် ပုံပါတဲ့ ကြိမ်ခုံတစ်လုံး၊ ကြွေပန်းအုံး တစ်လုံးပါရှိတာကို တွေ့ရပါတယ်။ 

 

မြူးနစ်မြို့ရှိ သမိုင်းကြောင်း အနုပညာအင်စတီကျူက စတီဖင်ကလင်ဂန်ကတော့ ဒီပစ္စည်းတွေက နာဇီတွေနဲ့ ဆက်နွယ်တဲ့ ပစ္စည်းတွေကို ကုန်သွယ်ရေးသာဖြစ်တယ်။ မီဒီယာတွေက ဒီအကြောင်းကို ပြောလိုက်တိုင်း ဒီပစ္စည်းတွေရဲ့ ဈေးနှုန်းက မြင့်သွားတယ်။ ကိုယ်ပိုင်အယူအဆအရ ပြောရရင် အဲဒီပစ္စည်းတွေက သိပ်ကို စိတ်အနှောက်အယှက်ဖြစ်စေတဲ့ ပစ္စည်းတွေပါ လို့ AFP ကိုပြောပါတယ်။ 

 

mdn

 

MDN
ကိုးကား -AFP