ဟားခါး၊  ၂၅ ဇန်နဝါရီ

 

ချင်းပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဇန်နဝါရီ ၂၅ ရက်က ဟားခါးမြို့ပေါ်ရပ်ကွက်များရှိ သီလရှင်ကျောင်းများ၊ မိဘမဲ့ဂေဟာ ကျောင်းများ၊ မြို့ဝင်ပူးပေါင်းစစ်ဆေးရေးဂိတ်များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားရှိခိုးကျောင်းများသို့ တစ်ကိုယ်ရည်သန့်ရှင်းရေး အသုံးအဆောင်ပစ္စည်းများနှင့် လက်သန့်ဆေးရည်ဘူးများ လှူဒါန်းခဲ့သည်။

 

ထိုသို့လှူဒါန်းရာတွင် သီလရှင်ကျောင်းများနှင့် မိဘမဲ့ဂေဟာကျောင်း ()နေရာအတွက် တစ်နေရာလျှင် တစ်ကိုယ်ရည် သန့်ရှင်းရေး အသုံးအဆောင်ပစ္စည်းများနှင့် လက်သန့်ဆေးရည် (၃၆)ဘူးပါ ()ဖာ၊ မြို့ဝင်ပူးပေါင်းစစ်ဆေးရေးဂိတ်များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားရှိခိုးကျောင်း (၁၆)နေရာအတွက် တစ်နေရာလျှင် လက်သန့်ဆေးရည် ၃၆ ဘူးတို့ကို လှူဒါန်းခဲ့သည်။

 

ခရိုင်(ပြန်/ဆက်)