ဟားခါး ဇူလိုင် ၅
ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ် ဗိုလ်မှူးကြီး ခင်မောင်ထွေးသည် ဇူလိုင် ၃ ရက် ညနေပိုင်းတွင် ဟားခါးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ဗိုလ်တိုက်ချွန်းခန်းမ၌ ကျင်းပသည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ် ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဝန်ထမ်းများက ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ အခမဲ့ ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးသည်။
ပေးအပ်
ထို့နောက် ခေတ္တပြည်နယ်ဝန်ကြီးချုပ်၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆန်းလွင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဝင်းစိုး၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာကျော်စိုးမင်း၊ ချင်းပြည်နယ် လူမှုရေးရာဝန်ကြီးနှင့် ချင်းပြည်နယ် ပညာရေးမှူးတို့က နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


