ဂျပန်ဝန်ကြီးချုပ် ဆူဂါ  ဂျီ-၇ ထိပ်သီးအစည်းအဝေးတက်ရောက်ရန် ဗြိတိန်နိုင်ငံသို့ထွက်ခွာ

ဇွန် ၁၁

 

ဂျပန်ဝန်ကြီးချုပ် ဆူဂါသည် ဂျီ-၇ ထိပ်သီးအစည်းအဝေးတက်ရောက်ရန် ဗြိတိန်နိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။

 

အဆိုပါထိပ်သီးအစည်းအဝေးသည် ဗြိတိန်နိုင်ငံ အနောက်တောင်ပိုင်း Cornwall ကောင်တီတွင် ဇွန် ၁၁ ရက်မှ ၁၃ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်သည်။

 

ဆူဂါသည် ရာသီဉတုပြောင်းလဲမှု၊ စီးပွားရေးနှင့် ဒေသဆိုင်ရာကိစ္စရပ်များ၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုဆိုင်ရာ အကြောင်းအရာများနှင့် အခြားအဓိကျသောအချက်များကို ဂျီ-၇ အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များနှင့် ပွင့်ပွင့်လင်းလင်း အမြင်ချင်းဖလှယ်ကာ ဆွေးနွေးသွားဖို့ရှိသည်ဟု ဗြိတိန်နိုင်ငံသို့ မထွက်ခွာမီ သတင်းထောက်များကို ပြောကြားခဲ့သည်။

 

ဂျပန်နိုင်ငံ၏အနေအထားကိုရှင်းပြလိုပြီး ဆွေးနွေးမှုများတွင် ပါဝင်လိုသည်ဟု ၎င်းကဆိုသည်။

 

ဆူဂါက ဂျပန်နိုင်ငံအနေဖြင့်   မကြာမီကျင်းပတော့မည့် တိုကျိုအိုလံပစ်နှင့် မသန်စွမ်း အားကစားပြိုင်ပွဲများနှင့် ပတ်သက်ပြီး အခြားနိုင်ငံခေါင်းဆောင်များ၏ အကူအညီများရယူကာ အားကစားပြိုင်ပွဲများကို လုံခြုံစိတ်ချစွာ လက်ခံကျင်းပရန် ရောဂါကူးစက်မှု တိုက်ဖျက်ရေးဆိုင်ရာအစီအမံများဖြင့် ပြီးစီးအောင်မြင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသွားမည် ဖြစ်သည်။

 

ထိုအစည်းအဝေးသည် နှစ်နှစ်အတွင်း လူကိုယ်တိုင် ပထမဆုံးတွေ့ဆုံကြသော ဂျီ-၇ ထိပ်သီးအစည်းအဝေး ဖြစ်လိမ့်မည်။

 

ပြီးခဲ့သည့်စက်တင်ဘာလက ဆူဂါ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ပထမဆုံးမျက်နှာချင်းဆိုင် မျက်နှာစုံညီ ကျင်းပသောအစည်းအဝေးလည်း ဖြစ်ပေမည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

 

Screenshot 2021-06-11 132