ဂျပန်ရဲ့ နောက်ဆုံးပေါ် Transparent Toilet

၂၁  ဩဂုတ်

ပွင့်လင်းမြင်သာသော ရေအိမ်လို့ပြောရမလား။ ထုတ်ချင်းပေါက်မြင်ရသောရေအိမ်လို့ပဲဆိုရမလား။ ပုံမှာမြင်တွေ့နေ ရတာက ဂျပန်နိုင်ငံ၊ ရှီဘူယာခရိုင်က ဟာရူနိုအိုဂါဝါပန်းခြံမှာ တည်ဆောက်ထားတဲ့ ရေအိမ်ဖြစ်ပါတယ်။ ဒီတိုင်းကြည့်ရင်တော့ ဟောင်းလောင်းကြီးဖြစ်နေမယ် ဘယ်လိုလုပ်ပါ့မလဲလို့ စဉ်းစားတွေးချင်စရာပါ။ ဒီရေအိမ်နဲ့ အတူ မိတ်ဆက်လိုက်တာက နောက်ဆုံးပေါ်ဂျပန်နည်းပညာပါ။ ဗိသုကာကုမ္ပဏီကြီးဖြစ်တဲ့ ရှီဂဲရူဘန်က ဒီဇိုင်းထုတ် တည်ဆောက်ထားတဲ့ ဒီ Transparent toilet ဟာ အတွင်းကို ဝင်ပြီး တံခါးလော့ခ်ချလိုက်တာနဲ့ အပြင်ကနေ ထွင်းဖောက်မမြင်ရတော့အောင် ပြုလုပ်ထားတာဖြစ်ပါတယ်။ အဓိကကတော့ အလင်းမဖြတ်နိုင်အောင် ထွင်းဖောက်မမြင်ရအောင် ပြုလုပ်ထားတဲ့ နည်းပညာပဲဖြစ်ပါတယ်။ ဒီလို ရေအိမ် ၂ ခုကို ပန်းဥယျာဉ် ၂ ခုမှာ တပ်ဆင်ထားပြီလို့ သိရပါတယ်။ အဓိကကတော့ သူတို့ရဲ့နည်းပညာကို လူသိစေချင်တဲ့အတွက် ဂျပန်ရဲ့ လူသွား လူလာများတဲ့ နေရာတွေမှ တပ်ဆင်လိုက်တာပဲ ဖြစ်ပါတယ်။ နောက်ထပ်တပ်ဆင်ထားတဲ့နေရာကတော့ ယိုးယိုးဂျိ ဖူကာမာချီပန်းဥယျာဉ်မှာ ဖြစ်ပါတယ်။ သန့်ရှင်းတဲ့ရေအိမ်ကို ဂျပန်မှာရှိတာမြင်စေချင်တာရယ်၊ ပန်းဥယျာဉ်ထဲမှာ ညအခါ မီးအိမ်တစ်လုံးအဖြစ် မြင်စေချင်တာရယ်ကြောင့် တပ်ဆင်တည်ဆောက်ပေးခဲ့တာလို့   ဆိုပါတယ်။  ရေအိမ်  ၂ လုံးကို ဘေးချင်းကပ်ပြီး အမျိုးသားအတွက် အမျိုးသမီးအတွက် တည်ဆောက်ပေးထားတာပဲ ဖြစ်ပါတယ်။


#MRTV