ဂျပန်နိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံ ကူးစက်ခံရသူ ၁၀ဝ၀ နီးပါးရှိ

၂၉ ဇူလိုင်

 

 

ဂျပန်နိုင်ငံ တစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။ စီရင်စုများတွင် ယမန်နေ့က ကူးစက်ခံရသူ ၁၀ဝ၀ နီးပါး ထပ်မံတွေ့ရှိခဲ့ရာ နေ့စဉ်ကူးစက်မှုများတွင် စံချိန်တင်ခဲ့ကြောင်း ဖော်ပြထားသည်။

 

 

အိုဆာကာ အုပ်ချုပ်ရေးမှူး ယိုရှီမူရာ ဟီရိုဖူမီက ကူးစက်ခံရသူ ၁၅၅ ဦး ရှိကြောင်း အတည်ပြု ပြောကြားခဲ့သည်။

 

 

ရောဂါကူးစက် ခံရသူများသည် လူအုပ်စုမှတစ်ဆင့် ကူးစက်ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။

 

 

ထိုရောဂါ ကူးစက်မှုကို ထိန်းချုပ်ရန် အိုဆာကာ တာဝန်ရှိသူများက လာမည့်လတွင် အများဆုံး လူ ငါးဦး ထက်ပိုသော ပါတီပွဲများ ကျင်းပခြင်းကို ရှောင်ကြဉ်ရန် စီးပွားရေး လုပ်ငန်းများနှင့် ဒေသခံများကို ပြောကြားထားသည်။

 

 

အီချီဗဟိုစီရင်စုတွင် ကူးစက်ခံရသူ ဦးရေ ၁၀ဝ ရှိကြောင်းနှင့် ကူးစက်ခံရမှု စတင်ဖြစ်ပွားချိန် ကတည်းက ကူးစက်မှုအများဆုံးနေ့ဖြစ်ကြောင်း ဖော်ပြထားသည်။

 

 

တိုကျိုတွင် ကူးစက်မှု အများဆုံးဖြစ်ပြီး ကူးစက်ခံရသူ ၂၆၆ ဦး ရှိသည်။ တိုကျို အုပ်ချုပ်ရေးမှူးက လာမည့်နွေရာသီအားလပ်ရက်များအတွင်း တတ်နိုင်သမျှ နေအိမ်တွင် နေထိုင်ကြရန် ဒေသခံများကို ပြောကြားခဲ့သည်။

 

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၃၃၀ဝ၀ နီးပါးရှိပြီး လူ ၁၀ဝ၀ ကျော် သေဆုံးခဲ့ကြောင်း အတည်ပြုဖော်ပြထားသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

2356