ဇူလိုင် ၁၆

ဂျပန်နိုင်ငံသို့ ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း နိုင်ငံခြားခရီးသွားဝင်ရောက်မှုအရေအတွက်သည် ယခင်နှစ်ကထက် ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ရာ ငါးနှစ်အတွင်း ပထမဆုံးအကြိမ် ကျဆင်းမှုဖြစ်ကြောင်း အစိုးရ၏ အချက်အလက်များက ပြသထားသည်။

ဂျပန်အမျိုးသားခရီးသွားလုပ်ငန်းအဖွဲ့က ယမန်နေ့က ထုတ်ပြန်ခဲ့သော ကနဦးအချက်အလက်များအရ ယခုနှစ် ပထမနှစ်ဝက်တွင် လူပေါင်း ၂၁ ဒသမ ၁ သန်းခန့် လာရောက်လည်ပတ်ခဲ့ပြီး တရုတ်နိုင်ငံမှ လာရောက်လည်ပတ်သူဦးရေမှာ ထက်ဝက်ကျော် ကျဆင်းသွားခဲ့သည်ဟု သိရသည်။

ဇွန်လမှာပင် နိုင်ငံခြားခရီးသွား စုစုပေါင်းအရေအတွက် ၃ ဒသမ ၁၅ သန်းရှိရာ ပြီးခဲ့သည့်နှစ် အလားတူလကထက် ၆ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး သုံးလဆက်တိုက် ကျဆင်းခဲ့ခြင်းဖြစ်ကြောင်းနှင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း အကြီးမားဆုံး ကျဆင်းမှုဖြစ်ကြောင်း ထိုခရီးသွားအဖွဲ့၏ ပြောကြားချက်အရ သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို