ဇန်နဝါရီ ၂၀

ဂျပန်နိုင်ငံသို့ ၂၀၂၅ ခုနှစ်တွင်လာရောက်လည်ပတ်သည့် နိုင်ငံခြားခရီးသွားအရေအတွက် စံချိန်တင်ခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် သန်း ၄၀ ကျော်လွန်ခဲ့ကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီးက ပြောကြားခဲ့သည်။ ယင်းမှာ ယန်းငွေတန်ဖိုး ကျဆင်းမှုကြောင့် တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ်က နိုင်ငံခြားသားခရီးသွား ၄၂ ဒသမ ၇ သန်း ဝင်ရောက်ခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကာလအတွင်း နိုင်ငံခြားခရီးသွားအရေအတွက် ကျဆင်းသွားခဲ့သော်လည်း ၂၀၂၄ ခုနှစ်တွင် နိုင်ငံခြားခရီးသွားအရေအတွက် ၃၆ ဒသမ ၈ သန်းကျော်အထိ ပြန်လည်ရောက်ရှိလာခဲ့ပြီး ယခင်စံချိန်တင် အမြင့်ဆုံးစံချိန်ကို ပြန်လည်ရောက်ရှိခဲ့သည်။

တရုတ်နိုင်ငံမှခရီးသွားများလာရောက်မှုသည် ဒီဇင်ဘာလတွင် ယခင်နှစ်ကထက် ၄၅ ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို