ဂျပန်နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၀၀၀၀ ကျော် ထပ်မံတွေ့ရှိ

နိုဝင်ဘာ ၂၅

ဂျပန်နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၀၁၀၈ ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ထားသည်။

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် နိုင်ငံတစ်ဝန်းတွင် သေဆုံးသူဦးရေ ၁၃၀ ရှိသည်ဟု တာဝန်ရှိသူများကဆိုသည်။

နိုင်ငံအတွင်း ထိုရောဂါကူးစက်ခံရမှုကြောင့် ကျန်းမာရေးအခြေအနေစိုးရိမ်ရသူ ၂၈၁ ဦးအထိ ရှိလာကြောင်း သတင်းဖော်ပြထားသည်။

မြို့တော်တိုကျိုတွင်  ယင်းရောဂါကူးစက်ခံရသူ ၅၆၃၉ ဦးရှိရာ ခရိုင် ၄၇ ခုရှိသည့်အနက် နေ့စဉ်ကူးစက်မှု အရေအတွက်အများဆုံးဖြစ်ကြောင်း ထိုဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ထားသည်။

တိုကျိုတွင် ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် ခုနစ်ဦးသေဆုံးခဲ့ပြီး ၁၅ ဦးသည် ကျန်းမာရေးအခြေအနေစိုးရိမ်ရသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို