ဂျပန်နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ  ၅၅၅၃၇ ဦး ထပ်မံတွေ့ရှိ

ဖေဖော်ဝါရီ ၂

ဂျပန်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၅၅၃၇ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၃၀၈ ဦး သေဆုံးခဲ့ပြီး ၄၉၈ ဦးသည် ကျန်းမာရေးအခြေအနေဆိုးရွားမှုရှိသည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။

မြို့တော်တိုကျိုတွင် ယမန်နေ့က ထိုရောဂါကူးစက်ခံရသူ ၄၀၁၂ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်းနှင့် ယင်းရောဂါကူးစက်မှုကျဆင်းလာသည်မှာ ၁၅ ရက်ဆက်တိုက်ရှိပြီ ဖြစ်ကြောင်း သိရသည်။

မြို့တော်တွင် ယင်းရောဂါဖြင့် သေဆုံးသူ ၁၉ ဦး ရှိကြောင်း အတည်ပြုထုတ်ပြန်ထားသည်။

နိုင်ငံတစ်ဝန်းတွင် ထိုကူးစက်မှုကြောင့် နေ့စဉ် သေဆုံးမှုများမြင့်မားနေဆဲဖြစ်သဖြင့် ရောဂါကာကွယ်ရေးအစီအမံများကို ဆက်လက်လုပ်ဆောင်သွားရန် တာဝန်ရှိသူများနှင့် ကျန်းမာရေးပညာရှင်များက ပြည်သူများအား တိုက်တွန်းပြောကြားထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို