ဂျပန်နိုင်ငံ၌ ပြည်တွင်းထုတ် ကိုဗစ်-၁၉ ရောဂါ သောက်ဆေး Xokova အား အရေးပေါ်သုံးစွဲရန်ခွင့်ပြု

 

တိုကျို နိုဝင်ဘာ ၂၅

 

ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါသောက်ဆေး Xokova အား အရေးပေါ်သုံးစွဲရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။ Shionogi & Co.မှ ထုတ်လုပ်သည့် ကိုဗစ်-၁၉ ရောဂါသောက်ဆေးအမျိုးအစား Xokova  သည်  ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများအား ကိုယ်အပူချိန်မြင့်တက်ခြင်း အပါအဝင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လက္ခဏာများကို ထိရောက်စွာသက်သာလာစေ ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပညာရှင်များ၏ လေ့လာချက်များအရ သိရသည်။

 

ဂျပန်နိုင်ငံအတွင်း လက်ရှိအချိန်၌ သုံးစွဲနေသည့် အမေရိကန်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါသောက် ဆေးအမျိုးအစား နှစ်မျိုးရှိကြောင်း သိရသည်။

 

 ယခုထုတ်လုပ်လိုက်သည့် ကိုဗစ်-၁၉ ရောဂါသောက်ဆေးအမျိုးအစား Xokova အား နိုင်ငံတစ်ဝန်းရှိ ကိုဗစ်-၁၉ ရောဂါလူနာအရေအတွက် တစ်သန်းအတွက် ဖြန့်ချိ ပေးသွားမည်ဟု သိရသည်။

 

ဂျပန်နိုင်ငံ၌ လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ အဋ္ဌမလှိုင်း ဖြစ်ပွားလျက်ရှိပြီး နိုင်ငံတစ်ဝန်း နိုဝင်ဘာ ၂၂ ရက်တစ်နေ့တည်းမှာပင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၂၀၀၀၀ ကျော်ရှိကြောင်းနှင့် နိုင်ငံမြောက်ပိုင်းရှိ ခရိုင်များတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ စံချိန်တင်မြင့်တက်နေကြောင်း သိရသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ၊

ဘာသာပြန် - စိုးသူရ