မတ် ၂၉
ဂျပန်နိုင်ငံတွင် ယနေ့အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၈၃၂၇ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုသတင်းထုတ်ပြန်ထားသည်။
နိုင်ငံတစ်ဝန်းတွင် နေ့စဉ်ရောဂါကူးစက်မှုအရေအတွက် ၁၀၀၀၀ အောက်ကျဆင်းလာသည်မှာ ၂၁ ရက် ဆက်တိုက်ရှိပြီဖြစ်သည်။
နိုင်ငံအတွင်း ယင်းရောဂါဖြင့် ၃၄ ဦး ထပ်မံသေဆုံးခဲ့သည်ဟုလည်း တာဝန်ရှိသူများက အတည်ပြုပြောကြားသည်။
ရောဂါထပ်မံကူးစက်မှုများအနက် ကျန်းမာရေးအခြေအနေဆိုးရွားသူ ၆၈ ဦး ရှိသည်ဟု ၎င်းတို့က ဆိုသည်။
နိုင်ငံအတွင်း ခရိုင် ၄၇ ခုရှိသည့်အနက် မြို့တော်တိုကျိုသည် ယနေ့အတွင်း ထိုရောဂါကူးစက်ခံရသူ ၁၀၀၂ ဦးရှိသဖြင့် ကူးစက်မှုအများဆုံးဖြစ်သည်။
ထိုရောဂါကူးစက်မှုကြောင့် သေဆုံးသူများအနက် နှစ်ဦးသည် မြို့တော်တိုကျိုမှဖြစ်သည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို