ဂျပန်နိုင်ငံ၌ ဇွန်နှင့် ဇူလိုင်လအတွင်း ခရီးသွားဝင်ရောက်မှု ၈၀၀၀ ခန့်ရှိ

ဩဂုတ် ၁၀

 

ဂျပန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစီမံချက်ကို ဖြေလျှော့သည့်အနေဖြင့် နိုင်ငံခြားခရီးသွားများအတွက် နှစ်နှစ်အကြာခန့် ထိန်းချုပ်ထားသော နယ်စပ်ဒေသကို ပထမဆုံးအကြိမ်အဖြစ် ဇွန်လ ၁၀ ရက်က  ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

 

အမေရိကန်၊ တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့အပါအဝင် နိုင်ငံနှင့်နယ်မြေဒေသ ၁၀၂ ခုတို့မှ ခရီးသွားများကို လာရောက်ခွင့်ပြုသော်လည်း အုပ်စုလိုက်ခရီးစဉ်များဖြင့်သာ ခွင့်ပြုသည်ဟု သိရသည်။

 

ဇွန်လတွင် ခရီးသွား ၂၅၂ ဦး လာရောက်ခဲ့ပြီး  ဇူလိုင်လက ခရီးသွားဦးရေ ၇၉၀၀ ခန့်ရှိသည်ဟု ဂျပန်ခရီးသွားအေဂျင်စီက ဆိုသည်။

 

ဩဂုတ်လ ၅ မှ ၃၁ ရက်အထိ ခရီးသွားဧည့် ၈၅၀၀ နီးပါး ရောက်ရှိမည်ဖြစ်ကြောင်း ထိုအေဂျင်စီက ပြောကြားသည်။

 

တရုတ်နိုင်ငံက ၎င်းတို့၏နိုင်ငံသားများအား ပြည်ပခရီးသွားလာမှု ကန့်သတ်ထားဆဲဖြစ်ခြင်းသည် ခရီးသွားနည်းပါးခြင်း၏ အကြောင်းအရင်း တစ်ခုဖြစ်နိုင်သည်ဟု တာဝန်ရှိသူများက ဆိုသည်။

 

ဉရောပနှင့် အမေရိကန်ခရီးသွားများသည် အုပ်စုလိုက်ခရီးသွားခြင်းထက် တစ်ဦးထဲခရီးသွားလာခြင်းကို ပိုမိုနှစ်သက်သည်။ ကိုဗစ်ရောဂါကူးစက်မှုမဖြစ်ပွားမီက နိုင်ငံအတွင်း နှစ်စဉ် နိုင်ငံခြားခရီးသွားဦးရေ သန်း ၃၀ ကျော် လက်ခံရလေ့ရှိသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

 

mdn