ဂျပန်နိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် လေးဦးမြောက်ကူးစက်ဖြစ်ပွား

ဒီဇင်ဘာ ၁၂

 

ဂျပန်နိုင်ငံတွင် အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားသူ လေးဦးမြောက်တွေ့ရှိသည်ဟု ကျန်းမာရေး တာဝန်ရှိသူများက  အတည်ပြုပြောကြားသည်။

 

ကျန်းမာရေးဝန်ကြီးဌာနက အိုမီခရွန်ကူးစက်ဖြစ်ပွားသည့်အသက် ၅၀ အရွယ်အမျိုးသားတစ်ဦးသည် နိုင်ဂျီးရီးယားနိုင်ငံသို့သွားရောက်ခဲ့သူဖြစ်သည်ဟု ဆိုသည်။

 

၎င်းသည် တိုကျိုမြို့အနီး နာရီတာလေဆိပ်သို့ဆိုက်ရောက်ချိန်တွင် ကိုဗစ်ကူးစက်ဖြစ်ပွားသည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် သီးသန့်ခွဲခြားနေထိုင်ခဲ့သည်။

 

ကျွမ်းကျင်ပညာရှင်များက ကမ္ဘာတစ်ဝန်းတွင် ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားနေမှုကို တုံ့ပြန်သည့်အနေဖြင့် ကိုဗစ်စစ်ဆေးမှုတိုးမြှင့်လုပ်ဆောင်ရန် အကြံပြုထားသည်။

 

ဂျပန်နိုင်ငံတစ်ဝန်းတွင် တစ်ရက်အတွင်း ကိုဗစ်ကူးစက်ဖြစ်ပွားသူ ၁၃၆ ဦးရှိပြီး ထိုရောဂါကူးစက်ခံရမှုကြောင့် သုံးဦးသေဆုံးသည်ဟု အာဏာပိုင်များက အတည်ပြုထားသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို