ဂျပန်နိုင်ငံ တိုကျိုမြို့တော်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၄၃၉၉ ဦး ထပ်မံတွေ့ရှိ

ဒီဇင်ဘာ ၁

ဂျပန်နိုင်ငံ တိုကျိုမြို့တော်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၄၃၉၉ ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က အတည်ပြုထုတ်ပြန်ထားသည်။

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် မြို့တော်တွင် ၁၁ ဦးထပ်မံသေဆုံးသည်ဟု သိရသည်။

ထိုမြို့တော်တွင် အသက်ရှုအထောက်အကူပြုကိရိယာတပ်ဆင်ထားသူ ၁၈ ဦးကြောင်း ဖော်ပြထားသည်။

နိုင်ငံတစ်ဝန်းတွင် ယင်းရောဂါကူးစက်ခံရသူ ၁၃၈၃၉၆ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ၎င်းရောဂါသေဆုံးသူ ၂၁၀ ရှိကြောင်း အတည်ပြုထုတ်ပြန်ထားသည်။

နိုင်ငံအတွင်း ထိုရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူဦးရေ ၂၀၀ အထက်ရှိလာခြင်းသည် စက်တင်ဘာ ၉ ရက်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည် သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို