ရန်ကုန် ၂၀ နိုဝင်ဘာ
ဂျပန်နိုင်ငံမှ ရိုက်ကူးရေးအဖွဲ့သည် ယမန်နေ့က ဆူးလေဘုရား၊ မဟာဗန္ဓုလပန်းခြံ ၊ ရန်ကုန်မြို့တော်ခန်းမ၊ Strand Hotel အနီးရှိ လူကူးတံတားနှင့် Sakura Tower မှ ရန်ကုန်မြို့ရှုခင်းများနှင့် ရွှေတိဂုံဘုရားတို့အား မှတ်တမ်းရုပ်ရှင် ရိုက်ကူးသည်။
အဆိုပါ ရိုက်ကူးရေးအဖွဲ့သည် ယမန်နေ့က သီလဝါစက်မှုဇုန်ရှိ Yakult Myanmar Co.,Ltd ၏ ဒိန်ချဉ်စက်ရုံဖွင့်ပွဲ အခမ်းအနားကို မှတ်တမ်းရိုက်ကူးခဲ့ပြီး ၄င်းစက်ရုံအတွင်း ဒိန်ချဉ်ထုတ်လုပ်ပုံ အဆင့်ဆင့်ကို ရိုက်ကူးခဲ့ကြောင်း၊ Yakult ဒိန်ချဉ်ကို ဒေါက်တာရှိရိုတမှ ၁၉၃၅ ခုနှစ်တွင် စမ်းသပ်တီထွင်ထုတ်လုပ်ခဲ့ရာ နှစ်ပေါင်း(၈၄)နှစ်တိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ၄င်းဒိန်ချဉ်သည် ကိုယ်ခံအားတိုးပွားပြီး ကျန်းမာရေး အထောက်အကူပြုသဖြင့် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း (၄၀)သို့ ဖြန့်ဖြူးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အဖွဲ့သည် နိုဝင်ဘာ ၂၀ ရက်မှ ၂၃ ရက်ထိ Yakult Myanmar Co.,Ltd ၏ ဒိန်ချဉ်စက်ရုံ၊ City Mart SuperMarket များတွင် Yakult ဒိန်ချဉ်ရောင်းချနေပုံ၊ အိမ်အရောက် ဝန်ဆောင်မှုပေးနေပုံနှင့် ဝယ်ယူသူများအား တွေ့ဆုံမေးမြန်းခြင်းတို့ကို ဆက်လက်ရိုက်ကူးမည်ဖြစ်ပြီး ထိုသို့ရိုက်ကူးထားမှုများကို မှတ်တမ်းထိန်းသိမ်းထားရှိရန် အတွက် ရိုက်ကူးခြင်းဖြစ်ကြောင်း သိရသည်။
ညွန့်ညွန့်လှိုင် (FDC)