ဂျပန်နိုင်ငံ ကျူရှူးကျွန်းတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း သတိပေး

၇ ဇူလိုင်

 

 

ကျူးရှူးအနောက်ပိုင်း ဖူကူကိုကာ၊ ဆာဂါနှင့် နာဂါစကီစီရင်စုတို့တွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ဂျပန်နိုင်ငံမိုးလေဝသ အေဂျင်စီက ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

 

 

အဆိုပါ အေဂျင်စီက မိုးရွာသွန်းမှုနှင့် ပတ်သက်ပြီး အဆင့်ငါးဆင့်ဖြင့် အမြင့်ဆုံးအဆင့် သတိပေးချက် ထုတ်ပြန်ထားသည်ဟု ဆိုသည်။

 

 

ဖူကူကိုကာစီရင်စုရှိ အိုမူတာမြို့တွင် မူလတန်းကျောင်းနှင့် ယာယီကယ်ဆယ်ရေး စခန်းအဖြစ် ဖွင့်လှစ်ထားသည့် လူထု အခြေပြုစင်တာ တစ်ခုတို့ ရေလွှမ်းမိုးခဲ့သည်။

 

 

ပိတ်မိနေသည့် ၂၄၂ဉီးကို ကယ်ဆယ်ရန်အတွက် မြို့တော်ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့များကို စေလွှတ်ရန် တောင်းဆိုခဲ့သည်။

 

 

မူလတန်းကျောင်းသား ၃၀ အပါအဝင် လူပေါင်း ၈၀ ကို ရွေ့ပြောင်းပေးခဲ့ရကြောင်း အဆိုပါ ဒေသတွင် နေထိုင်သူတစ်ဉီးက ပြောကြားခဲ့သည်။

 

 

ရေကြီးမှုကြောင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှာ ပျက်စီးခဲ့သည်ဟု ဆိုသည်။

 

 

ကူမာမိုတိုစီရင်စုတွင် ယခုအချိန်ထိ အထိခိုက်ဆုံးဒေသ ဖြစ်လာသည်။

 

 

လူပေါင်း ၄၉ ဉီးမှာ သေဆုံးကြောင်း အတည်ပြုခဲ့ပြီး ၁၁ ဉီးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။

 

 

မြစ်ပေါင်း တစ်ဒါဇင်ကျော်မှာ ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။

 

 

နာဂါဆာကီစီရင်စုတွင် ကြီးမားသည့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။

 

 

အူမာရာမြို့ရှိ လမ်းမကြီးတစ်လျောက်ရှိ တောင်စောင်းများ ပြိုကျမှုများ ဖြစ်ပေါ်ခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်