တိုကျို မတ် ၂၄
ဂျပန်နိုင်ငံ အနောက်ပိုင်းခရိုင်နှစ်ခု၌ တောမီးလောင်မှု ဆက်လက်ပျံ့နှံ့လျက်ရှိသည့်အတွက် ဒေသခံ များကို ဘေးလွတ်ရာသို့ ရှောင်တိမ်း ရန် သက်ဆိုင်ရာအာဏာပိုင်များက တိုက်တွန်းလျက်ရှိသည်။
အိုကာ့ယာမခရိုင် အိုကာ့ယာမမြို့၏ မီနာမီရပ်ကွက်တောင်ပေါ် ဒေသတွင် မတ် ၂၃ ရက် မွန်းလွဲပိုင်းက တောမီးလောင်မှုဖြစ်ပွားခဲ့သည်။
မီးစတင်လောင်ပြီးနောက် နာရီပေါင်း ၂၀ ကျော် ကြာလာပြီဖြစ်သော်လည်း တောမီးများငြိမ်းသွားမည့် အရိပ်အယောင်မတွေ့ရဘဲ နေရာအများတွင် ဆက်လက်လောင်နေဆဲဖြစ်ကြောင်း သိရသည်။
မီးလောင်မှုကြောင့် နေရာတချို့ပျက်စီးခဲ့ပြီး မီးသတ်သမားများက မီးများငြှိမ်းသတ်နိုင်ရန် လုပ်ဆောင် လျက်ရှိသည်။ မီးငြှိမ်းသတ်ရာတွင် အကူအညီပေးရန် သက်ဆိုင်ရာအာဏာပိုင်များက ရဟတ်ယာဉ် ၁၀ စင်း စေလွှတ်ထားကြောင်း သိရသည်။
ထို့အပြင် အဲဟိမဲခရိုင် အီမာဘာရီမြို့တွင်လည်း နောက်ထပ် တောမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ