ဂန့်ဂေါ  ၁၁  အောက်တိုဘာ  


ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အောက်တိုဘာ ၁၀ ရက် နေ့လယ်၂ နာရီက စာဖတ်ဝိုင်းပြုလုပ်ရာ မြောက်ကုန်း အလက မှ ကျောင်းသား၊ ကျောင်းသူ ၄၅ ဦးတက်ရောက်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမြင့် က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ 


စာဖတ်ဝိုင်းတွင် နိုင်ငံတကာ ယဉ်ကျေးမှုများဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖော်ဆောင်သည့် နှစ် အထိမ်းအမှတ်အဖြစ်ထုတ်ဝေသည့် “ ကမ္ဘာ့မိတ်ဆွေများ ” စာအုပ်ကို ဖတ်ကြားကြကာ အုပ်စု ၅ စုဖွဲ့၍ အဖွဲ့လိုက် ဆွေးနွေးကြပြီး ပြန်ဆက်၏ BOOK CLUB  ဥက္ကဌ ဦးအောင်စိုးမင်း က ဖြည့်စွက်ဆွေးနွေးသည်။ 


ထို့နောက် Women Club ဥက္ကဌ ဒေါ်ကြင်ကြင်ထွေး (အကြင်သူ-ယောမြေ) က လူငယ်ဘဝ အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်စာပေ လေ့လာဖတ်ရှုရေး၊ စားသုံးသူရေးရာဦးစီးဌာန ဂန့်ဂေါမြို့နယ် တာဝန်ခံ ဒေါ်စိုးယုဆွေက စားသုံးသူဘေးကင်းလုံခြုံရေးတို့ကို အသိပညာပေးဟောပြောကြကြောင်း သိရသည်။ 

ထင်အောင်နိုင် (ပြန်ဆက်)