မတ် ၁၇

ဂါဇာကမ်းမြောင်ဒေသတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း အစ္စရေးတို့တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၁၅ ဦးထက်မနည်းသေဆုံးကြောင်း ဂါဇာရှိကျန်းမာရေးအာဏာပိုင်းများက ယမန်နေ့ကပြောကြားသည်။

အဆိုပါသေဆုံးသူများအနက် ဘီတ်လာဟီရာမြို့ရှိ လူအုပ်စုတစ်စုနှင့် ယာဉ်တစ်စီးကို ပစ်မှတ်ထားကာ ဂါဇာဒေသမြောက်ပိုင်းတွင် အစ္စရေးတို့ကဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် သေဆုံးသူကိုးဦးရှိသည်ဟု ပါလက်စတိုင်း ဝါဖာသတင်းအေဂျင်စီက ဖော်ပြထားသည်။

ဘီတ်လာဟီရာမြို့တိုက်ခိုက်မှုသည် အကြမ်းဖက်သမားများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က အတည်ပြုပြောကြားသည်။

ဇန်နဝါရီလက အစ္စရေးနှင့်ဟားမတ်စ်တို့အကြာင်း အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အတွင်း ဂါဇာဒေသတွင် အစ္စရေးတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှုများပြင်းထန်စွာ လုပ်ဆောင်ခဲ့သည်။

အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ပထမအဆင့်သည် မတ်လ ၁ ရက်နေ့တွင် ပြီးဆုံးခဲ့ပြီး ဒုတိယအဆင့်အတွက် ဆွေးနွေးပွဲရပ်တန့်နေဆဲဖြစ်သည်ဟု သိရသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က စတင်ခဲ့သော ပဋိပက္ခဖြစ်ပွားမှုအတွင်း အစ္စရေးတို့၏တိုက်ခိုက်မှုကြောင့် ဂါဇာဒေသတွင် ပါလက်စတိုင်းသေဆုံးသူ ၄၈၀၀၀ ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၁၁၀၀၀ ရှိကြောင်း ဂါဇာအခြေစိုက် ကျန်းမာရေးအာဏာပိုင်များက နောက်ဆုံးသတင်းထုတ်ပြန်ထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို