ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ဂီတာဖေးအသင်းတို့ မတ် ၃ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်အသင်းက ဂီတာဖေးအသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ ဂီတာဖေးအသင်းက ပထမပိုင်းပွဲကစားချိန် ၃၉ မိနစ်မှာ ဆာတရီယာနိုရဲ့ သွင်းဂိုးနဲ့ ရီးယဲလ်မက်ဒရစ်အသင်းကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ဂီတာဖေးအသင်းတို့ပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်အသင်းအနေနဲ့ ချေပဂိုးရရှိရေးကြိုးပမ်းရင်း သာမန်ပွဲကစားချိန်အပြီး နာကျင်အချိန်ပို ငါးမိနစ်မှာ ရီးယဲလ်မက်ဒရစ်ကစားသမား မက်စတန်တူအွန် တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတာကြောင့် ကစားသမားတစ်ယောက်လျော့နဲ့ ကစားခဲ့ရတာဖြစ်ပါတယ်။
အဲဒီပွဲစဉ်မှာ ဂီတာဖေးအသင်းအနေနဲ့ ဂိုးပြတ်နိုင်ပွဲရရှိ ရေးကြိုးပမ်းရင်းဒီဂျီနေး တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းဟာ ဂီတာဖေးအသင်းကို ရှုံးနိမ့်ခဲ့ပေမယ့် အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတဲ့ ဘာစီလိုနာအသင်းနဲ့ လေးမှတ်အကွာ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ဂီတာဖေးအသင်းကတော့ ရီးယဲလ်မက်ဒရစ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် စပိန်လာလီဂါပွဲစဉ် (၂၆) ယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ် ၃၂ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၁၁ နေရာမှာ ရပ်တည်ခဲ့တာဖြစ်ပါတယ်။
ငွေကြယ်


