ဂျီ-၇ ထိပ်သီးအစည်းအဝေး ဗြိတိန်နိုင်ငံ၌ ယနေ့ကျင်းပပြုလုပ်

ဇွန် ၁၁

 

ဂျီ-၇ ထိပ်သီးအစည်းအဝေးကို ဗြိတိန်နိုင်ငံအနောက်တောင်ပိုင်း Cornwall ကောင်တီတွင် ယနေ့ပြုလုပ်ခဲ့သည်။

 

ထိုအစည်းအဝေးတွင် ဂျီ-၇ အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသော ဗြိတိန်၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဂျပန်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီနှင့် ဥရောပသမဂ္ဂတို့မှ ခေါင်းဆောင်ကြီးများသည် နှစ်နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ် လူကိုယ်တိုင်တွေ့ဆုံကြပြီး ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးသွားမည်ဖြစ်သည်။

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ယင်းအစည်းအဝေးတွင် ပထမဆုံးအကြိမ် တက်ရောက်ခြင်း ဖြစ်သည်။

 

ဂျိုးဘိုင်ဒင်သည် အမေရိကန်ပြည်ထောင်စုနှင့် ရင်းနှီးမြှုပ်နှံသောနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းဖြင့် အခြားနိုင်ငံခေါင်းဆောင်များနှင့် ပြန်လည်ပေါင်းစည်းလိုသည်။

 

အဆိုပါအစည်းအဝေးသည် သုံးရက်ကြာမြင့်ပြီး ဇွန် ၁၃ ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်သည်။ ဂျီ-၇ အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များက ပူးတွဲကြေညာချက် ထုတ်ပြန်ရန် စီစဉ်ထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို