ဂေါက်သီးစည်းမျဉ်းသင်တန်း (R&A Level-1 Rules Seminar 2019) မန္တလေးမြို့တွင်ဖွင့်လှစ်မည်

မန္တလေး ၁ မေ

မြန်မာနိုင်ငံဂေါက်သီးအားကစားဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်နှင့် R&A တို့ပူးပေါင်းဖွင့်လှစ်သော (R&A Level-1 Rules Seminar 2019 ) မန္တလေးသင်တန်းကို ၂၀၁၉ခုနှစ်၊ မေ (၁၉) ရက်တွင်မန္တလေးမြို့ရှိ ရွှေမန်းတောင် ဂေါက်ကွင်း၌ ဖွင့်လှစ်မည်ဖြစ်သည်။ 

အဆိုပါသင်တန်းသို့ ဂေါက်သီးအားကစားနည်းအပေါ် စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပြီး သင်တန်းတက်ရောက်လိုသူများသည် မေလ (၁၂) ရက် နောက်ဆုံးထား၍ ဦးထွန်းကျော် ဖုန်းနံပါတ် ဝ၉ ၅၁၉၃၄၂၃နှင့် ဦးဝင်းဇော် ဝ၉ ၂၅၄၂၂၅၀၇၀ တို့သို့ စာရင်း ပေးသွင်းနိုင်ပါကြောင်းနှင့်  သင်တန်းသားဦး ရေကန့်သတ်ထားပါသဖြင့်ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်ကြောင်း သိရသည်။ 

မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်သည်  ဂေါက်သီးစည်းမျဉ်းသင်တန်း (R&A Level-1 Rules Seminar 2019) ကို ဧပြီ ၂၂ ရက်က ရန်ကုန်မြို့၌ ဖွင့်လှစ်ခဲ့ပြီး မန္တလေးမြို့၌ ထပ်မံဖွင့်လှစ်ခြင်းဖြစ်သည်။

ဖိုးသော်ဇင်