ဂေဟဗေဒစနစ်ဖြင့် ဝါးပင်များရှင်သန်ဖွံ့ဖြိုးစေဖို့ စာအုပ်ထွက်ရှိ

ရတနာစိုး (အမျိုးသားစာပေဆုရ) ရေးသားသည့် ဂေဟဗေဒစနစ်ဖြင့် ဝါးပင်များရှင်သန်ဖွံ့ဖြိုးစေဖို့ စာအုပ်ထွက်ရှိလာသည်။

မြန်မာနိုင်ငံတော်၏ သစ်တောအမျိုးအစားများ၊ အဖိုးတန်သစ်ပင်များ ပေါက်ရောက်သည့် ဒေသအလိုက် ဝါးအမျိုးကွဲများ ပေါက်ရောက်ပုံကို ဖော်ပြထားရာ ဒေသအလိုက် ဝါးအခြေခံ၍ သစ်ပင်၊ သီးနှံပင်များ ရောနှောစိုက်ပျိုးခြင်းကို ပိုမိုလွယ်ကူမည်ဖြစ်သည်။ ဟန်ချက်ညီ ဂေဟစနစ်ဖြင့် ဝါးပင်များ ရှင်သန်ဖွံ့ဖြိုးပြီး သစ်တော၊ သစ်ပင်များ၊ စိုက်ပျိုးသီးနှံများနှင့် သတ္တဝါများ အပြန်အလှန်အကျိုးပြုသည့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေးကို ရည်ရွယ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ရေးသားထားသည်။

ကြေးမုံစာအုပ်စင်