ဂျစ်ပစီမြို့တော် စာအုပ်ထွက်ရှိ

ကဗျာစာပေစိတ်ဝင်စားသူများအတွက် စာရေးသူငြိမ်းချမ်းဖေ စီစဉ်ရေးသားသည့် ဂျစ်ပစီမြို့တော်စာအုပ် ထွက်ရှိလာသည်။

အဆိုပါစာအုပ်တွင် ခြေဖဝါးအောက် ရောက်လာတဲ့မြေဟာ မင်းနဲ့တူတိုင်းတော့ တမိရတာပါပဲ၊ တိမ်တွေ တောင်တွေနဲ့ နှင်းက တစ်ခုခုကို ပေးတယ်၊ ကိုယ်တစ်ခုမှမရခဲ့ရဘူး၊ ရာသီက မီးခိုးတအူအူမြို့လေးပေါ် ပြန်ကျပြန်ရောက်လာခဲ့တာပဲ၊ ကိုယ်ကပြန်မရောက်ဖြစ်တော့ဘူး၊ မြင်နေရတဲ့ မြူတွေထဲ တစ်ခုခု ထလုပ်ချင်စိတ်ဖြစ်လာမိတယ်၊ ကိုယ်ဘာတစ်ခုမှ ထမလုပ်ဖြစ်မိတော့ဘူး၊ မြို့လေးက ကိုယ့်ဆီလိုက်လာနေသလို ပိုကြီးပြင်းလာတဲ့ဘဝတွေထဲ ပိုကြီးပြင်းလာတဲ့ ဒဏ်ရာတွေက လိုက်လာနေကြတယ်၊ ကိုယ်ကခွာဖယ်ချမပစ်ရက်ဘူး၊ ဒီလို ဘဝဆိုတာလည်း ခပ်ရှုပ်ရှုပ်ပဲဆည်းဆာ ကိုယ်ကစိတ်ကူးလေးနဲ့တောင် မရှင်းလင်းရက်ခဲ့ဘူးဟု ရေးသားထားသည့် အလွမ်းမြို့ကဗျာနှင့် အပုဒ် ၅၀ နီးပါးကို ရေးသားထားသည်။

ကြေးမုံစာအုပ်စင်