အာခါတိုင်းရင်းသားများ စုပေါင်းနှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ
ကျိုင်းတုံ ၂၉ ဒီဇင်ဘာ
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ မြို့မအားကစားကွင်း၌ (၄၃)ကြိမ်မြောက် အာခါတိုင်းရင်းသားများ စုပေါင်းနှစ်သစ်ကူးပွဲတော် အခမ်းအနားကို ဒီဇင်ဘာ ၂၈ ရက် နံနက်က အာခါတိုင်းရင်းသားများ၏ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများနှင့်အညီ ကျင်းပသည်။